(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ယူခြင်းအခမ်းအနားကို
ယနေ့နံနက် (၅.၃၀) အချိန်တွင် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင်
စတင်ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက
မီးရှူးတိုင် စတင် မီးထွန်းညှိ၍ လက်ဆင့်ကမ်း သယ်ယူခဲ့ပြီး၊
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပမည့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီးသို့ ဆက်လက် သယ်ဆောင်သွား ကြောင်း သိရသည်။
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခန်းအနားကြီးကို ယနေ့ည ၆း၀၀နာရီအချိန်တွင်
နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီးမှာ
စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ MOI

No comments:
Post a Comment
Note: Only a member of this blog may post a comment.