သတင်းနှင့်နည်းပညာများ

12/10/13

မရမ်းကုန်း မြို့နယ်၊ ဂန္ဓမာ ဟိုလ်းစေး အပေါ်ထပ်သုံးလွှာရှိ Venus Garden Beauty Spa တွင် ဒီဇင်ဘာလ ၁၀ရက် နံနက် ၁နာရီက မီးလောင်မှု ဖြစ်ပွာြး


နန်းမြင့်၊ အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၀ရက်၊ ၂၀၁၃။

ရန်ကုန်၊ မဇ္ဈိ။ ။မရမ်းကုန်း မြို့နယ်၊ ဂန္ဓမာ ဟိုလ်းစေး အပေါ်ထပ်သုံးလွှာရှိ Venus Garden Beauty Spa တွင် ဒီဇင်ဘာလ ၁၀ရက် နံနက် ၁နာရီက မီးလောင်မှု ဖြစ်ပွားပြီး လူ ခုနှစ်ဦးသေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနက အတည်ပြုသည်။

Beauty Spa မှဝန်ထမ်းများ နေသည့်အခန်းတွင် လျှပ်စစ်မီးပူကိုသုံးစွဲပြီး ပြန်ပိတ်ရန်မေ့လျော့ခဲ့၍ မွှေ့ရာကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများသည် မီးလောင်ကျွမ်းမှုကြောင့် မီးခိုးမွန်ပြီး သေဆုံးရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားေ၇းမှူး ဦးဝင်းကြည်က ပြောသည်။

“ပေါ့ဆလို့ဖြစ်တာပါ။ တံခါးတွေကလည်း အလုံပိတ်ထားတော့ ဖြစ်သွားတာပေါ့” ဟု ဆက်ပြောသည်။

မီးလောင်မှုကြောင့် အမျိုးသား ၃ဦး၊ အမျိုးသမီး ၃ဦး နှင့် ဒဏ်ရာပြင်းထန်မှုကြောင့် ခွဲခြားအတည်မပြုနိုင် သေသည့်သူတစ်ဦးတို့ သေဆုံးသည် ဟုဆိုသည်။

မီးလောင်မှုကြောင့် ခန့်မှန် တန်ဖိုး ၅၆သိန်းကျော် ဆုံးရှုံးခဲ့ရသည်။

Mizzima - News in Burmese

No comments:

Post a Comment

Note: Only a member of this blog may post a comment.