သတင်းနှင့်နည်းပညာများ

7/16/14

ကျပ်သိန်း(၂၀၀၀)တန်ဘိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ


ကျပ်သိန်း(၂၀၀၀)တန်ဘိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၁၆
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၁၈) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေးတောင်ပိုင်း)မှတပ်ဖွဲ့ဝင်များနှင့်အမှတ်(၁၆)မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်သတင်းအရ သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၊ မန္တလေး-လားရှိုးလမ်းမပေါ်ရှိ “ရွှေထိပ်တန်း”ဧည့်ရိပ်မွန်၊ အခန်းအမှတ်(၂၀၅)သို့ ၀င်ရောက်ရှာဖွေ ခဲ့သည်။ ထိုသို့ရှာဖွေရာ အဆိုပါအခန်းတွင် တည်းခိုနေထိုင်သော ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ နောင်ဆိုင်းကျေးရွာနေ မောင်စိုင်းစံဥ(ခ)အိုက်စိုင်း (၂၁)နှစ်နှင့် နောင်ချိုမြို့နယ်၊ ပင်ဆုံကျေးရွာနေ မောင်အောင်ညွန့်(ခ)မိုးညို(၄၂)နှစ်တို့ ၂ ဦး ထိုင်နေသည့် ကုတင်မွှေ့ယာပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ 88 နှင့် 1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ပြား၊ တန်ဘိုးငွေကျပ်သိန်း(၂၀၀၀)ဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းတို့ ၂ ဦးအား ပြင်ဦးလွင်မြို့မရဲစခန်း မယ(ပ)၁၅/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.