ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိတိမ်းမှောက်
နေပြည်တော်၊ ဇူလိုင် ၁၇
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၅/၂-၃)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းရ ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်နေ သိန်းဝင်းဦး(၄၀)နှစ်မောင်းနှင်လာသော ၂ဃ/xxxxကရီနာခဲရောင်ယာဉ်မှာ ၀ဲဘက် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၂ဃ/xxxxယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ခေါင်းပိုင်း/အမိုးပိန်ချိုင့်၍ တန်ဘိုးငွေကျပ်(၂၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် သိန်းဝင်းဦးအား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.