ပြည်သူ့ဝန်ထမ်းကို တူမီးသေနတ်ဖြင့် ပစ်သူအား အရေးယူထား
နေပြည်တော်၊ ဇူလိုင် ၁၇
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုင်းပန်မြို့နယ်၊ တုံတစ်ကျေးရွာနေ ဦးဝဏ္ဏ(၃၅)နှစ်၏နေအိမ်ပေါ်၌ ၀ိုးလိုင်းကျေးရွာအုပ်စု၊ ကိုးမိုင် တောတန်းနေ ဦးစောပီတ(၅၀)နှစ်သည် တူမီးသေနတ်ကိုင်၍ ရမ်းကားနေကြောင်း သတင်းအရ မိုင်းပန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရွာသားများနှင့်အတူသွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ပြီး စောပီတအား နေအိမ်ပေါ်မှဆင်းရန် ရဲအုပ် ကျော်ဆန်းဦးကပြောရာ နာရီဝက်ခန့်ကြာသည်အထိ ဆင်းလာခြင်းမရှိ၍ နေအိမ်ပေါ်သို့တက်စဉ် စောပီတမှ တူမီးသေနတ်ဖြင့် ၁ ချက်ပစ်ခတ်ရာ ရဲအုပ် ကျော်ဆန်းဦးတွင် ရင်ညွန့်(၀.၃)လက်မခန့်ပေါက်ထွက်ဒဏ်ရာရရှိခဲ့သဖြင့် စောပီတ ကို ၀ိုင်းဝန်း ဖမ်းဆီးကာ ရဲအုပ် ကျော်ဆန်းဦးအား မိုင်းပန်ပြည်သူ့ဆေးရုံသို့ခေါ်ဆောင်လာစဉ် လမ်းတွင် သေဆုံးသွား သောကြောင့် စောပီတအား မိုင်းပန်မြို့မရဲစခန်း(ပ)၁၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ရဲဇာနည်
No comments:
Post a Comment
Note: Only a member of this blog may post a comment.