သတင်းနှင့်နည်းပညာများ

7/18/14

ပဏာမအပစ်ရပ် သဘောတူညီချက် အများဆန္ဒဖြင့် အတည်ပြုချက်ရယူမည်


ပဏာမအပစ်ရပ် သဘောတူညီချက် အများဆန္ဒဖြင့် အတည်ပြုချက်ရယူမည်
=============================================
ရန်ကုန်၊ ဇူလိုင် ၁၇- ကချင်ပြည် နယ်လိုင်ဇာတွင် ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာကျင်းပ မည့်တတိယအကြိမ် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးအစည်း အဝေးတွင်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးအတွက် ပဏာမ အပစ်ရပ်သဘောတူညီထားမှုများ ကိုအများ သဘောဆန္ဒဖြင့် အတည် ပြုချက် ရ ယူသွား မည်ဟု တစ်နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်ဦးနိုင်ဟံသာက ပြော ကြားသည်။
''ဒီပွဲမှာ ကျွန်တော်တို့ကအစိုးရ နဲ့ ဆွေးနွေးထားတဲ့အချက်တွေကို ချပြမယ်။ ဒါတွေကို တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူ၊ မတူ ပေါ့။ ရှစ်ဖွဲ့က သဘော တူပြီး တစ်ဖွဲ့က သဘောမတူရင် အဲဒီတစ်ဖွဲ့ကိုထပ်ဆွေးနွေး မယ်။ အတည်ပြုချက်ယူ တာကတော့အများသဘောတူပုံစံနဲ့ သွားမယ်''ဟု ဦးနိုင်ဟံသာက ဆို သည်။
လိုင်ဇာထိပ်သီးအစည်းအဝေး တွင် အစိုးရနှင့် အပစ်ရပ်ပဏာမ သဘောတူညီ ချက်များ အပါအဝင် အစိုးရ၏ နိုင်ငံလုံး၏ ဆိုင်ရာအပစ် အခတ်ရပ်စဲရေးမူကြမ်းပါ အချက် ပေါင်း ၁၂၁ ချက်တွင် ဆွေးနွေးရန် ကျန်ရှိသည့် ၃၁ ချက်ကိုလည်း ညှိ နှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊
အစိုးရနှင့် ထပ်မံတွေ့ဆုံဆွေးနွေး ရန်မှာလည်း လိုင်ဇာအစည်းအဝေး ပြီးဆုံးမှသာ အဆုံးအဖြတ်ပေးနိုင် မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြော သည်။
''၃၁ ချက်ဆိုတာက သူ တို့ သတ်မှတ်ချက်ပေါ့။ ကျွန်တော်တို့ အတွက်အဓိက အချက်က ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ၊ ဖက်ဒရယ် ပြည်ထောင်စု စနစ်၊ တပ်နေရာချထား မူ၊ အမျိုး သားတန်းတူရေးပဲ''ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကဆိုသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ယခုနှစ် ဇူလိုင်လ နောက်ဆုံး ပတ်တွင် တွေ့ဆုံနိုင်ရန် အစိုးရဘက်က အဆိုပြုထားသော် လည်း NCCT အဖွဲ့ဝင်များ ထပ်မံ ဆွေးနွေးရန်လိုအပ်နေသဖြင့် တွေ့ ဆုံနိုင်မည် မဟုတ်ကြောင်း NCCT အဖွဲ့မှ သိရသည်။
ပထမအကြိမ် တိုင်းရင်းသား ခေါင်းဆောင်ထိပ်သီးအစည်း အဝေး ကို ၂၀၁၃ ခုနှစ်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာတွင်ကျင်းပ ခဲ့ပြီး၊ ဒုတိယ အကြိမ်အဖြစ် ယခုနှစ် ဇန်နဝါရီလတွင် ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး KNU ဌာနချုပ်တည်ရှိရာ လောခီးလာတွင် ကျင်းပခဲ့ရာ တိုင်းရင်းသားလက်နက် ကိုင် ၁၈ဖွဲ့ တက်ရောက်ခဲ့ကြသည်။
လိုင်ဇာ တွင် ကျင်းပမည့်တတိယ အကြိမ်ညီလာခံသို့ မည်သည့်အဖွဲ့ များ တက်ရောက်မည်ကို မသိရှိရ သေးပေ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.