သတင်းနှင့်နည်းပညာများ

7/17/14

၂ဝ၁၄ ကမ္ဘာ့ဖလား အကောင်းဆုံးကစားသမားဆု မက်ဆီရရှိခဲ့ခြင်းနှင့်ပတ်သက်၍ အံ့သြမိကြောင်း ဖီဖာဥက္ကဋ္ဌဆို


၂ဝ၁၄ ကမ္ဘာ့ဖလား အကောင်းဆုံးကစားသမားဆု
မက်ဆီရရှိခဲ့ခြင်းနှင့်ပတ်သက်၍ အံ့သြမိကြောင်း ဖီဖာဥက္ကဋ္ဌဆို
=============================================
ဖီဖာဥက္ကဋ္ဌဖြစ်သူ ဆပ်ဘလတ္တာက ၂ဝ၁၄ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုအား အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီရရှိခဲ့ခြင်းနှင့်ပတ်သက်၍ အံသြမိကြောင်း မာရာကာနာကွင်း တွင် ပြုလုပ်ခဲ့သည့်သတင်းစာရှင်း လင်းပွဲတွင်ပြောကြားသွားခဲ့သည်။
မက်ဆီသည် အာဂျင်တီးနား အသင်း၏ပွဲစဉ်များတွင် အသင်းအတွက် လေးဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။
'' ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို မက်ဆီက ရခဲ့တာနဲ့ ပတ်သက်ပြီး နည်းနည်းတော့ အံ့သြမိပါတယ်။ အာဂျင်တီးနားအသင်းအတွက် အကောင်းဆုံးကစားပေးနိုင်ခဲ့လို့ ဒီဆု ကို ဆွတ်ခူးခဲ့တယ်လို့ဆိုနိုင်ပေမယ့် သူ့လိုပဲ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ တကယ်ကို အံအားသင့်ဖွယ်ပါ''ဟု ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာက မီဒီယာများထံ ဖွင့်ဟပြောကြားသွားခဲ့သည်။
၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြဂိုးများ သွင်းယူခဲ့ကြသည့် ကိုလံဘီယာအသင်းမှ လူငယ်တိုက် စစ်မှူးဂျိမ်းရိုဒရီဂွက်စ်မှာ ရွှေဖိနပ် ဆုရရှိခဲ့ပြီး အာဂျင်တီးနားအသင်း ခေါင်းဆောင်မက်ဆီမှာလည်း ရွှေ ဘောလုံးဆုရရှိခဲ့သော်လည်း ချန်ပီယံဂျာမနီအသင်း၏ ဂိုးသွင်းအများ ဆုံးတိုက်စစ်မှူးမူလာမှာမူ တစ်ဦး ချင်းဆုတံဆိပ်ရရှိခဲ့ခြင်း မရှိခဲ့ပေ။
ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာက ဘရာဇီးနိုင်ငံက လက်ခံကျင်းပသည့် အကြိမ်(၂ဝ)မြောက်ကမ္ဘာ့ဖလားပြိုင် ပွဲသည် ပြီးခဲ့သည့် ၂ဝ၁ဝ တောင် အာဖရိက ကမ္ဘာ့ဖလားထက် အောင် မြင်မှုများ ပိုပြီးရရှိခဲ့ကြောင်း ဆိုခဲ့ သည်။ ဘရာဇီးအစိုးရသည် ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အတိုက်အခံ များ၏ ဝေဖန်ဆန္ဒပြမှုများအကြား အခက်အခဲများစွာနှင့် ကျင်းပခဲ့ရ ခြင်းဖြစ်ပြီး ဒေသခံဘရာဇီးတိုင်း ရင်းသားများ၏ ထောက်ခံမှုများ ဆုံးရှုံးခဲ့ရသည့်အပြင် ဘရာဇီးသမ္မတ ဒယ်လ်မာရုစ်ဖတ်၏ အစိုးရအဖွဲ့မှာ လည်း ပြည်သူများ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။
''၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါပြီ။ လွန်ခဲ့တဲ့လေးနှစ်က ပြိုင်ပွဲထက် ပို ကောင်းတဲ့ပြိုင်ပွဲတစ်ပွဲလို့ဆိုချင်ပါ တယ်။ ဒါပေမဲ့ ဘောလုံးကွင်းအ တွင်းမှာ လူမျိုးရေးခွဲခြားမှုတွေ ရှိ နေဆဲဖြစ်လို့ အလုံးစုံတော့ ပျော်ရွှင်ခွင့်မရခဲ့ပါဘူး''ဟု ဖီဖာဥက္ကဋ္ဌက ဆို ခဲ့သည်။
WKM

No comments:

Post a Comment

Note: Only a member of this blog may post a comment.