သတင်းနှင့်နည်းပညာများ

7/18/14

လစာမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားစက်ရုံမှ လုပ်သားများ လမ်းလျှောက်ဆန္ဒပြ


လစာမပေးဘဲ ပိတ်သိမ်းသွားသည့် ကိုရီးယားစက်ရုံမှ လုပ်သားများ လမ်းလျှောက်ဆန္ဒပြ


Master Sport ဖိနပ်စက်ရုံမှ ၀န်ထမ်းများ ကိုရီးယားသံရုံးရှေ့သို့ လာရောက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ- ကျော်ဇင်သန်း)
ရန်ကုန်- ကိုရီးယားနိုင်ငံသားပိုင် Master Sport ဖိနပ်ထုတ်လုပ်သော စက်ရုံက ဇွန်လအတွက် လုပ်အားခ လစာများမပေးဘဲ စက်ရုံပိတ်သွားသောကြောင့် ကိုရီးယားအစိုးရသိစေရန်ဟုဆိုကာ ထိုစက်ရုံရှိ လုပ်သား ၈၀၀ ၀န်းကျင်က လှိုင်သာယာမြို့နယ်ရှိ စက်ရုံရှေ့မှစတင်ကာ ကိုရီးယားသံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။
ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ Master Sport ဖိနပ်ထုတ်လုပ်သော စက်ရုံကုမ္ပဏီမှ လုပ်သား ၈၀၀ ၀န်းကျင်သည် အဆိုပါ ကုမ္ပဏီအား Black List စာရင်းထည့်သွင်းပေးရန်နှင့် ဇွန်လအတွက် လစာများရရှိရန်အတွက်ဟုဆိုကာ လှိုင်သာယာစက်မှုဇုန် ၃ ရှိ ထိုစက်ရုံမှစတင်၍ မြို့နယ် ငါးမြို့နယ်ဖြတ်သန်းလမ်းလျှောက်ကာ ကိုရီးယားသံရုံးရှေ့ထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒပြရာတွင် ဇွန်လအတွက် လုပ်ခလစာ အမြန်ဆုံးရရှိရေး၊ ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်းကို အရေးယူပေးရေး၊ အလုပ်ပိတ်နစ်နာကြေး ခံစားခွင့်ရရှိရေး၊ ကိုရီးယားပိုင် Master Sport ကုမ္ပဏီကို Black List ကြေညာရေး၊ ကိုရီးယားအလုပ်ရှင် Mr.Bang In Ho အား တရားစွဲဆိုရေး တို့အရေးစသည့် ကြွေးကြော်သံများ အော်ဟစ်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.