မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်မည့် ဂျပန်အော်ပရေတာများမှ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် (သန်း ၂၀၀၀) မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားမည်
ဂျပန်အော်ပရေတာ ကုမ္ပဏီများဖြစ်သော KDDI နှင့် Sumitomo Corporation အနေဖြင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် (သန်း ၂၀၀၀) ရင်းနှီးမြှုပ်နှံမှု ပြုလုပ် သွားမည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည့် အဆိုပါ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ပထမအဆင့် ၁၀ နှစ်တာကာလ လုပ်ငန်းလည်ပတ်သွား မည်ဖြစ်ကြောင်း သိရသည်။ " ပထမအဆင့်လုပ်ရင်းနဲ့ပဲ နောက်ထပ်လုပ်နိုင်ဖို့ ညှိနှိုင်း ဆွေးနွေးသွားမယ်" ဟု ဂျပန် ကုမ္ပဏီနှင့် ပူးပေါင်းထားသော KDDI Summit Global Myanmar မှ ကုမ္ပဏီမှ CEO တာကာရှီနအရှီမက ပြောသည်။
မြန်မာနိုင်ငံ အတွင်းရှိ ပြည်ပအော်ပရေတာ နှစ်ခုကို ယှဉ်ပြိုင်နိုင်ရန် အဓိက ဆောင်ရွက်မည် ဟုဆိုသည်။
credit by - http://www.myanmarinternetjournal.com/content/13768
credit by - http://www.myanmarinternetjournal.com/content/13768
No comments:
Post a Comment
Note: Only a member of this blog may post a comment.