သတင်းနှင့်နည်းပညာများ

7/17/14

iPhone 5S ထက် ဈေး ၂၈ဆမက ကြီးတဲ့ Vertu စမတ်ဖုန်း အသစ်


iPhone 5S ထက် ဈေး ၂၈ဆမက ကြီးတဲ့ Vertu စမတ်ဖုန်း အသစ်
Vertu ဆိုတာ ဗြိတိန်နိုင်ငံ အခြေဆိုက် ဇိမ်ခံ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ ယခု နောက်ဆုံး ထုတ်လိုက်တဲ့ စမတ်ဖုန်း ကလက်ရှိ Apple ရဲ့ iPhone 5S ထက် ဈေး ၂၈ ဆ ပိုကြီး ပါတယ်။
အသက်သာဆုံး က အမေရိကန်ဒေါ်လာ ၁၁၃၀၀ ကျော် ရှိပါတယ်။ သူက Basic version ဖြစ်ပါတယ်။ Internal storage 64 GB ရှိပြီး၊ Android 4.4 KitKat OS ကို အသုံးပြုထား ပါတယ်။ ကင်မရာက 13 Megapixel ရှိပါတယ်။ မျက်နှာပြင် အရွယ်အစားက ၅.၇ လက်မ ရှိပါတယ်။ ဖုန်းကို Vertu's Signature Touch လို့ အမည်ပေးထား ပါတယ်။ အရင် မော်ဒယ်တွေ ထက် ဈေးလည်း ပိုကြီးပြီး ပိုလည်း နည်းပညာ အဆင့်မြင့်တဲ့ စမတ်ဖုန်း ဖြစ် ပါတယ်။
1998 ခုနှစ်က စလို့ Virtue ဟာ Nokia စမတ်ဖုန်းများကို ဇိမ်ခံ စမတ်ဖုန်း များ ဖြစ်အောင် ဖန်တီးခဲ့ ပါတယ်။ ယခုတော့ စမတ်ဖုန်း ကိုယ်တိုင် စမတ်ဖုန်း ထုတ်လုပ်တဲ့ အခြေအနေ အထိ အောင်မြင်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဖုန်း တိုင်းအတွက် စက်ပစ္စည်း အသုံးမပြုပဲ ဗိသုကာ ပညာရှင်၊ နည်းပညာရှင် နဲ့ အင်ဂျင်နီယာများက တစ်လုံးတိုင်း အတွက် အချိန်ပေး ပြုလုပ်ခြင်း ဖြစ် ပါတယ်။ ကျောက်မျက်ရတနာ၊ ရွေ၊ စိန် အမျိုးမျိုး ကို အသုံးပြု ထည့်သွင်း ပေးကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.

No comments:

Post a Comment

Note: Only a member of this blog may post a comment.