သတင်းနှင့်နည်းပညာများ

3/18/14

လွန်ခဲ့သည့်သုံးနှစ်က ပစ်သတ်ခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သော မူးယစ်ဂိုဏ်းခေါင်းဆောင်ကို မိမိတို့သတ်ဖြတ်ခဲ့ဟု မက္ကဆီကိုအရာရှိများပြောကြား


လွန်ခဲ့သည့်သုံးနှစ်က ပစ်သတ်ခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သော
မူးယစ်ဂိုဏ်းခေါင်းဆောင်ကို မိမိတို့သတ်ဖြတ်ခဲ့ဟု မက္ကဆီကိုအရာရှိများပြောကြား
***********************************************
မီချိုယာကန်၊
El Mas Loco (The Craziest One) ဟုခေါ်ဆိုသော နာဇာရီယိုမိုရီနို မူးယစ်ဆေး ဝါးဂိုဏ်းခေါင်းဆောင်မှာ လွန်ခဲ့သည့် သုံး နှစ်က ပစ်သတ်ခံရသည်ဟု သတင်းထွက် ပေါ်ခဲ့ရာ အဆိုပါခေါင်းဆောင်ကို မိမိတို့ က သတ်ဖြတ်ခဲ့သည်ဟု မက္ကဆီကိုအရာရှိ များက ပြောကြားခဲ့သည်။
¤င်းဂိုဏ်းခေါင်းဆောင်မှာ La Familia ကာတယ်ဂိုဏ်းကို ထူထောင်ခဲ့ပြီး ¤င်း၏အ ဆွယ်အပွားများက ဘာသာရေးခေါင်းဆောင် တစ်ဦးသဖွယ် ယူဆခံရသူလည်း ဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ်က ပစ်သတ်ခံရသည်ဟု သ တင်းများ ထွက်ခဲ့ပြီးနောက် ¤င်းသေဆုံး ကြောင်း ပထမဆုံးအကြိမ် ကြေညာမှုဖြစ် သည်။ ၂ဝ၁ဝ ပြည့်နှစ်က ပစ်သတ်ခံရသည် ဆိုသော်လည်း အလောင်းကိုမူ မတွေ့ရှိခဲ့ ပေ။ ထို့ကြောင့် ထိုစဉ်ကတည်းက ရှင်သန် နေဆဲဖြစ်သည်ဟုလည်း ယူဆခဲ့သည်။
ဂိုဏ်းခေါင်းဆောင်အား နောက်ဆုံး တွင် ခြေရာခံမိပြီး မီချိုယာကန် ပြည်နယ် တွင် အသေပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ပြောကြားခဲ့သည်။
''လက်ဗွေကို ဆန်းစစ်လေ့လာမှု က နေ သူဟာ နာဇာရီယိုမိုရီနိုဂွန်ဇာလက်စ် ဆိုတာ ကျွန်တော်တို့ ရာနှုန်းပြည့် အတည် ပြုထားပါတယ်''ဟု ပြည်ထောင်စုရှေ့နေရုံး မှ စုံစမ်းစစ်ဆေးမှုအကြီးအကဲ တောမတ်စ် ဇီရွန်က ပြောကြားခဲ့သည်။
နာဇာရီယိုမိုရီနိုသည် အသက်ရှင်နေ ရုံမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဓားပြတိုက် ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အခြားပြစ်မှုများ၊ ကျူး လွန်ခြင်းကို လုပ်ဆောင်နေသော ရာဇဝတ် ဂိုဏ်းတစ်ခု၏အကြီးအကဲအဖြစ် ဆက်လက် ဆောင်ရွက်နေကြောင်း အမည်မသိသတင်း ပေးများက ပြောကြားခဲ့ကြောင်း အစိုးရ၏လုံခြုံရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် အလီဂျန် ဒရိုရူဘီဒိုက ပြောကြားခဲ့သည်။
နာဇာရီယိုသည် ¤င်းသေဆုံးသည်ဟု သတင်းထွက်ပေါ်ပြီးနောက်ပိုင်း လူသတ် မှုများစွာကို ကျူးလွန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ခဲ့သည်။
နာဇာရီယိုမိုရီနိုကို တနင်္ဂနွေနေ့ နံနက် က မီချိုယာကန်ပြည်နယ်၊ တမ်ဘစ်စကေး ရှိုးရွာတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မစ္စ တာရူဘီဒိုက ပြောသည်။
''အဖမ်းခံဖို့ပြောတော့ သူက စပစ် တယ်။ ပြီတော့ အပစ်ခံရပြီး သူသေသွား တယ်''ဟု ¤င်းကပြောသည်။
အသက် ၄၃ နှစ်အရွယ် မိုရီနိုသည် မီချိုယာကန်ပြည်နယ်ရှိ မူးယစ်ဆေးဝါး ကုန် သွယ်မှုကို ကြီးစိုးခဲ့သည်။
မိုရီနိုအား သတ်ဖြတ်နိုင်ခြင်းသည် အ စိုးရ၏ မူးယစ်ဆေးဝါးကုန်သွယ်ရေး တိုက် ဖျက်မှု စစ်ဆင်ရေးတွင် တစ်လအတွင်း ဒုတိ ယမြောက် ကြီးမားသော အောင်မြင်မှုဖြစ် သည်။ ဖေဖော်ဝါရီလနောက်ပိုင်းက ကြီး မားသည့် ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျိုအာကွင်းဂတ်ဇ်မဲန်ကို ဆီနာလိုအာ ပြည် နယ်တွင် ဖမ်းဆီးနိုင်ခဲ့သည်။
Ref: BBC
*******************
The Yangon Times Journal
Vol - 10 , No. 11
March 13 - 19 , 2014
*******************

No comments:

Post a Comment

Note: Only a member of this blog may post a comment.