သတင်းနှင့်နည်းပညာများ

3/18/14

စကားကျယ်လောင်စွာပြောသည်ကို တားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွား


စကားကျယ်လောင်စွာပြောသည်ကို တားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွား
ရန်ကုန်၊ မတ် ၁၈
၂၇.၂.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ကိုရီးယားနိုင်ငံသား 
Mr. Jang Weol Sang သည် ကိုရီးယားလူမျိုး သူငယ်ချင်း(၃)ဦးနှင့်အတူ တာမွေမြို့နယ်ရှိ ဂရင်းလိဒ်ဟိုတယ် မြေညီထပ်စားသောက်ခန်း၌ စားသောက်နေစဉ် တစ်ဘက်ဝိုင်းမှ ဂရင်းလိဒ်ဟိုတယ်တွင်အလုပ်လုပ်ကိုင်
သော မြင့်စိုး(စုံစမ်းဆဲ)နှင့် ကိုရီးယားလူမျိုး(၂)ဦးတို့မှ စကားကျယ်လောင်စွာပြောဆိုနေသည်ကို Mr. Jang Weol Sang မှ စကားတိုးတိုးပြောရန် ပြောဆိုတားမြစ်ခဲ့ကြောင်း၊ ထိုသို့တားမြစ်ခဲ့သဖြင့်
မြင့်စိုးမှ ဆိုဂျူးအရက်ပုလင်းကိုရိုက်ခွဲပြီး ထိုးသောကြောင့်
Mr.Jang Weol Sang တွင် ၀ဲမျက်လုံးအောက် ပြတ်ရှဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း၊
မြင့်စိုးနှင့်အတူပါလာသော ကိုရီးယားနိုင်ငံသားများမှ ရဲစခန်းသို့ တိုင်ကြားခြင်းမပြုရန်နှင့် ဆေးဖိုးစရိတ်ပေးကာ လာရောက်တောင်းပန်
မည်ဖြစ်ကြောင်း ပြောဆိုခဲ့သောကြောင့် စောင့်ဆိုင်းနေခဲ့ရာမှ လာရောက်ဖြေရှင်းခြင်းမပြုသဖြင့် အရေးယူပေးရန် ၁၇.၃.၂၀၁၄ရက်နေ့
တွင် လာရောက်တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း(ပ)၁၃၈/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၂၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment

Note: Only a member of this blog may post a comment.