သတင်းနှင့်နည်းပညာများ

3/20/14

သနပ်ခါးအမြစ်တုံးဖြင့် ရိုက်ရာမှလူသတ်မှုဖြစ်



သနပ်ခါးအမြစ်တုံးဖြင့် ရိုက်ရာမှလူသတ်မှုဖြစ်
နေပြည်တော်၊ မတ် ၁၉
၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျွဲကျောင်းဂယက်ရွာနေ ကိုကျော့ခိုင်ဝင်း(၃၁)နှစ်သည် ၎င်းအလုပ်လုပ်ကိုင်ရာ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပိတောက်ပင်ရေနံမှော်ဟောင်းရှိတဲအတွင်း အိပ်ပျော်နေစဉ် အော်ဟစ်သံများကြားသဖြင့် လန့်နိုးပြီးအပြင်သို့ထွက်ကြည့်ရာ အတူနေထိုင်သည့် တစ်ရွာတည်းနေ ကိုစခန့်စလိန်(၃၄)နှစ်အား မေးစေ့/ယာချိုစောင်း/ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများဖြင့် တွေ့ရှိရသောကြောင့် တဲအနီးချင်းနေထိုင်သူများအား အကူအညီတောင်းခံပြီး သရက်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ကိုစခန့်စလိန် ပြောပြချက်အရ ၎င်းအား တစ်ရွာတည်းနေ အုန်းဟန်(၄၀)နှစ်မှ ယခင်ကစကားများဖူးသည့်ကိစ္စအား အငြိုးထားကာ သနပ်ခါးအမြစ်တုံးနှင့်ရိုက်နှက်ခဲ့၍ ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရသဖြင့် အရေးယူပေးရန် ၁၈-၂-၂၀၁၄ ရက်နေ့တွင် ကိုကျော့ခိုင်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အုန်းဟန်အား သရက်မြို့မ ရဲစခန်း (ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထိုသို့အရေးယူထားစဉ် ကိုစခန့်စလိန်မှာ ရရှိသောဒဏ်ရာများဖြင့် သရက်ခရိုင် ပြည်သူ့ဆေးရုံတွင် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၃၂၅ မှ ၃၀၂ သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
14 hrs · 

No comments:

Post a Comment

Note: Only a member of this blog may post a comment.