သတင်းနှင့်နည်းပညာများ

3/18/14

ဝါရှင်တန် လူဝင်မှုကြီးကြပ်ရေးအကျဉ်းစခန်းတွင် လေးရက်မြောက် အစာငတ်ခံ ဆန္ဒပြ


ဝါရှင်တန် လူဝင်မှုကြီးကြပ်ရေးအကျဉ်းစခန်းတွင် လေးရက်မြောက် အစာငတ်ခံ ဆန္ဒပြ
************************************************
ဝါရှင်တန်၊
အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ လူဝင်မှု ကြီးကြပ်ရေးအကျဉ်းစခန်း၌ လူပေါင်း ၁၅ဝ ခန့်သည် လေးရက်မြောက်အဖြစ် ဆက်လက် အစာငတ်ခံ ဆန္ဒပြလျက်ရှိသည်ဟု သိရသည်။
အကျဉ်းသားများကို ထောက်ခံအားပေး သူများ၏ ပြောကြားချက်အရ ဖမ်းဆီးထိန်း သိမ်းခံထားရသူများသည် အကျဉ်းစခန်းတွင် ¤င်းတို့အား ထားရှိမှုအခြေအနေများနှင့် ပြည် နှင်ဒဏ်ပေးအပ်မှုများ အဆုံးသတ်စေရန် ယခု ကဲ့သို့ အစာငတ်ခံ ဆန္ဒပြနေကြခြင်းဖြစ်ကြောင်း သိရသည်။
တာကိုမာမြို့ရှိ The Northwest Detention Center အကျဉ်းစခန်းတွင်လည်း အ ကျဉ်းသား ၇၅ဝ ခန့်မှာ အစာစားရန် ငြင်းဆို နေကြပြီး ¤င်းအကျဉ်းစခန်းတွင် ပြည်နှင်ဒဏ် အတွက် စစ်ဆေးခံနေရသူ ၁၃ဝဝ ခန့်ရှိကြောင်း သိရသည်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေး အရာ ရှိများ၏ ပြောကြားချက်အရ အစာစားရန် ငြင်း ဆိုသော အကျဉ်းသားတစ်ဦးသည် ၇၂ နာရီ ကြာပြီးနောက် ကျန်းမာရေးအရ ပြုစုစောင့် ရှောက်ရန် လိုအပ်သော အခြေအနေရှိသူတစ် ဦးအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်ဟု သိရ သည်။
လူဝင်မှုကြီးကြပ်ရေးဌာနမှ ဖမ်းဆီးထား သော အကျဉ်းသားများ၏ ဆန္ဒပြမှုကို ထောက် ခံသော တက်ြ<ွကလှုပ်ရှားသူများက ထိန်းသိမ်း ခံထားရသူများသည် ပိုမိုကောင်းမွန်သော အ စားအသောက်များ ရရှိရေးနှင့် အကျဉ်းစခန်း တွင် လုပ်ကိုင်ရသော အလုပ်များအတွက် တစ် နေ့လျှင် တစ်ဒေါ်လာထက် မြင့်မားသော လုပ်ခ လစာ တိုးမြှင့်ပေးရန်တို့ကို တောင်းဆိုလျက် ရှိသည်ဟု သိရသည်။
အကျဉ်းသားတစ်ဦး၏ ဇနီးဖြစ်သူ၏အဆိုကို ရှေ့နေတစ်ဦးမှ တနင်္ဂနွေနေ့တွင် ပြော ကြားချက်အရ အစာငတ်ခံ ဆန္ဒပြကြသူများ ကို ခြိမ်းခြောက်မှုများရှိပြီး တိုက်ပိတ်ထားခြင်း များလည်းရှိသည်ဟု သိရသည်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ အေပီသတင်းဌာနသို့ လက်ရှိအ ခြေအနေတွင် ထင်မြင်ချက် မပေးနိုင်သေး ကြောင်း ဖြေကြားခဲ့ပြီး အမေရိကန်တွင် သက် သေခံ အထောက်အထားမရှိဘဲ နိုင်ငံတွင်း ဝင် ရောက်နေထိုင်သူဦးရေမှာ ၁၁ သန်းခန့်ရှိကြောင်း သိရသည်။
Ref: AP
*******************
Vol - 10 , No. 11
March 13 - 19 , 2014
*******************

No comments:

Post a Comment

Note: Only a member of this blog may post a comment.