သတင်းနှင့်နည်းပညာများ

3/18/14

စာမေးပွဲဖြေဆိုနေသူ ကျောင်းသားတစ်ဦး မြွေကိုက်ခံရ



စာမေးပွဲဖြေဆိုနေသူ ကျောင်းသားတစ်ဦး မြွေကိုက်ခံရ

ရန်ကုန်၊ မတ် ၁၇

၁၇.၃.၂၀၁၄ရက်နေ့ ၀၈၄၅ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အထက(၃)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသူ
မောင်သက်ထွန်းဦး(၂၃)နှစ်၊ ခုံအမှတ် ဆဒတ-၁၇၆၆၊ သိပ္ပံတွဲ(ပြင်ပဖြေ)၊ (ဘ)ဦးတင်ထွန်း၊ (၁၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်
နေသူသည် ကျောင်းအိမ်သာသို့သွားရာမှ ခြေမျက်စေ့အထက်နားသို့
မြွေကိုက်ခံရသဖြင့် ၀၉၀၃ အချိန်တွင် ဆရာ၊ ဆရာမများလိုက်ပါလျက် ဒဂုံတောင်မြို့နယ်ဆေးရုံမှတစ်ဆင့် သင်္ဃန်းကျွန်းစံပြဆေးရုံ၊
ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ အထူးကြပ်မတ် ကုသဆောင်၊ ကုတင်အမှတ်(၁၈)၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment

Note: Only a member of this blog may post a comment.