သတင်းနှင့်နည်းပညာများ

3/18/14

ယခင်နှစ်အဆက်ဆက်က တယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များအား မတ်လ (၂၃) ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်


ယခင်နှစ်အဆက်ဆက်က တယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များအား မတ်လ (၂၃) ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်
=======
အချို့သော တယ်လီဖုန်းများသည် ယခင်နှစ်အဆက်ဆက်မှ ဖေဖော်ဝါရီလကုန်အထိ တယ်လီဖုန်းခေါ်ဆိုခ ကြေးကျန်များ ပေးသွင်းရန် ကျန်ရှိနေကြောင်း တွေ့ရှိရသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းသုံးစွဲခဲ့သည့် တယ်လီဖုန်းများအနက် အချို့တယ်လီဖုန်းများသည် ယခင်နှစ်အဆက်ဆက်မှ ၂၈.၂.၂၀၁၄ အထိ တယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များပေးသွင်းရန် ကျန်ရှိနေကြောင်း၊ ယင်းတယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များအား ၂၃.၃.၂၀၁၄ နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာငွေလက်ခံ စခန်းများတွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ “ကြာနေတဲ့အကြွေး ကြွေးဟောင်းတွေဆိုရင်တော့ ရုံးချုပ် (မောင်ထော်လေးလမ်း) မှာပဲ ဆောင်ရမှာဖြစ်ပါတယ်။ ကျန်တဲ့ အွန်လိုင်းဘီလ်တို့ ဘာတို့ကတစ်ဆင့် ဆောင်လို့မရပါဘူး။ ရုံးချုပ်ကတော့ နေ့စဉ်ပိတ်ရက်မရှိ ဖွင့်ပေးသွားမှာပါ။ မတ်လ ၂၃ ရက်နေ့အထိ နောက်ဆုံးထား ဆောင်ရွက်ရမှာပါ” ဟု ရန်ကုန်မြို့ရှိ ဖုန်းခေါ်ဆိုခ ကြွေးကျန်စာရင်းနှင့် ဆက်သွယ်မေးမြန်းစုံစမ်းရန် နေရာမှ မေးမြန်းသိရှိရသည်။


Internet Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.