3/20/14
တရားမဝင်သစ်ထုတ်ယူမှုများကို နှိမ်နင်းရန် သစ်တောလုံခြုံရေးတပ်ဖွဲ့ကို အသစ်ပြန်ဖွဲ့
တရားမဝင်သစ်ထုတ်ယူမှုများကို နှိမ်နင်းရန် သစ်တောလုံခြုံရေးတပ်ဖွဲ့ကို အသစ်ပြန်ဖွဲ့
*********************************************
ရဲလင်းထက် ၊ အတွဲ (၁၀) အမှတ် (၁၂)
သစ်တောမူဝါဒပြဋ္ဌာန်းချက် များနှင့်အညီ သဘာဝသစ်တောများ ကာကွယ်စောင့်ရှောက်ခြင်း၊ တရား မဝင်သစ်ထုတ်ယူမှုများကို တားဆီး နှိမ်နင်းရာတွင် ပိုမိုထိရောက်စေရန် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ကို အသစ် ပြန်လည်ဖွဲ့စည်းထားပြီဖြစ်ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက မတ် ၁၇ရက်တွင်ကျင်းပသည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော်နဝမပုံမှန် အစည်းအဝေး၌ ယခုကဲ့သို့ပြော ကြားခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း က ''သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှရဲမှူးကြီးတစ်ဦး ဦးဆောင် ပြီး တပ်သားအင်အား ၃ဝဝခန့်နဲ့ အ သစ်ပြန်လည်ပြင်ဆင် စုဖွဲ့လေ့ကျင့်ပေး ထားပြီဖြစ်ပါတယ်''ဟုပြောကြားသည်။
အဆိုပါသစ်တောလုံခြုံရေး ရဲ တပ်ဖွဲ့အနေဖြင့် တစ်ဖက်နိုင်ငံသို့ သစ် ခိုးရောင်းချနေသည့် လမ်းကြောင်းများ ဖြစ်သည့် မိုးမိတ်မြို့နယ်၊ မဘိန်းမြို့ နယ်များတွင် ပိတ်ဆို့ဖမ်းဆီးရေးလုပ် ငန်းများကို စီမံချက်ချဆောင်ရွက်နေ ပြီဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အစပ်ကြား ဒေသများသည် တရားမဝင်သစ်
ခုတ်လှဲမှု အများဆုံးဖြစ်နေကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အတည်ပြုပြောကြားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် သစ်တောသဘာဝသယံဇာ တများ ထာဝစဉ်တည်တံ့စေရေးအ တွက် သဘာဝသစ်တောများမှ နှစ်စဉ် ထုတ်ပေးနိုင်သည့် သစ်ပမာဏကို စနစ် တကျတွက်ချက်ထုတ်ယူခြင်း၊ ကြိုတင် ကာကွယ်ရေးအစီအမံများ ဆောင်ရွက် ကာ အရေးယူဆောင်ရွက်ခြင်း၊ တရား ဥပဒေသက်ရောက်မှု အားကောင်းစေ ရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ မက်လုံးပေးခြင်းနည်း လမ်းများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
Yangon Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.