သတင်းနှင့်နည်းပညာများ

2/19/14

သမဝါယမဘဏ်က မိုဘိုင်းဘဏ်စနစ် ကိုယ်စားလှယ် လျှောက်ထားမှု တစ်ရာကျော်ရှိလာ



သမဝါယမဘဏ်က မိုဘိုင်းဘဏ်စနစ် ကိုယ်စားလှယ် လျှောက်ထားမှု တစ်ရာကျော်ရှိလာ
========

သမဝါယမဘဏ် (CB Bank) မှ မိုဘိုင်းဘဏ်စနစ်အတွက် ကိုယ်စားလှယ်များ ခေါ်ယူထားရာ လျှောက်ထားသူပေါင်း တစ်ရာကျော် ရှိလာကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်ဧရိယာမှ လျှောက်ထားမှုအများဆုံးဖြစ်ကြောင်း သိရသည်။ “လျှောက်ထားတာ တစ်ရာကျော်နေပြီ။ လောလောဆယ်က ရန်ကုန်ဧရိယာက ပိုများပါတယ်” ဟု သမဝါယမဘဏ်၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးဦးသိန်းမြင့်က ပြောသည်။

စတင် အကောင်အထည်ဖော်လိုက်သည့် မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘဏ်အနေဖြင့် အနယ်နယ်အရပ်ရပ်တွင် ကိုယ်စားလှယ်များထားရှိရန် စီစဉ်ထားကြောင်း၊ ဆောင်ရွက်လိုသူများ အနေဖြင့် နီးစပ်ရာ သမဝါယမဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.