သတင်းနှင့်နည်းပညာများ

2/18/14

ဒလမြို့နယ် ကားကူးဇက်ဆိပ်တွင် ယာဉ်တစ်စီးချော်ကျတိမ်းမှောက်


ဒလမြို့နယ် ကားကူးဇက်ဆိပ်တွင် ယာဉ်တစ်စီးချော်ကျတိမ်းမှောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

၁၈.၂.၂၀၁၄ ရက်နေ့ ၀၇၁၅ အချိန် ဒလမြို့နယ်၊ ဒလ-ရန်ကုန် ကားကူး ဇက်ဆိပ်ကမ်း၌ ယာဉ်မောင်း ကိုစိန်မြင့် (ဘ)ဦးအောင်ခင်၊ ဒလမြို့နယ်
နေသူမောင်းနှင်လာသော ၆က/---- ကင်တာအဖြူရောင် ကုန်တင်ယာဉ် သည် ပုလင်းခွံများတင်ဆောင်ပြီး ဇက်သင်္ဘောပေါ်သို့တက်ရန်မောင်းနှင် လာစဉ် ကွန်ကရစ်ဆိပ်ခံနှင့်သစ်သား တံတားအခင်းအရောက်တွင် ၀ဲဘက်သို့ချော်ကျကာပက်လက်အနေအထားဖြင့် တိမ်းမှောက်သွားခဲ့
ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ရှေ့လေကာမှန်ပျက်စီး၊ အမိုးပိန်ချိုင့်ခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ကိုစိန်မြင့်အား ဒလမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit By - Yangon Police

No comments:

Post a Comment

Note: Only a member of this blog may post a comment.