သတင်းနှင့်နည်းပညာများ

2/18/14

မဟာပါဝါအတွင်းအား ထူးခြားကသိုဏ်းစွမ်းရည် သရုပ်ပြ


မဟာပါဝါအတွင်းအား ထူးခြားကသိုဏ်းစွမ်းရည် သရုပ်ပြ
=============================

ကျောက်ဆည်၊ ဖေဖော်ဝါရီ - ၁၇

မန္တလေးတိုင်းဒေသကြီ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၇၀) ဆရာကြီး ဦငြိမ်းချမ်းအောင် သမီး မရွှေဆုမြတ်မွန်နှင့် အဖွဲ့သည် မဟာပါဝါအတွင်းအား ထူခြားကသိုဏ်းစွမ်းရည် သရုပ်ပြအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲ (၁) နာရီက အဆိုပါကျောင်းတွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေးကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးဖြစ်သော မော်ကင်းထံမသီမျိုးနွယ်စု၏ မဟာပါဝါအတွင်းအား ထူးခြား ကသိုဏ်းဖြစ်သော သရုပ်ပြရခြင်းကို ဆရာကြီး ဦးငြိမ်းချမ်းအောင်က အများအကျိုးပြု ပရဟိတရံပုံငွေ ရှာဖွေပေးရေးနှင့် အမျိုးသားကျန်းမာကြံ့ခိုင်ရေး၊ ကျောင်းသားကျောင်းသူများ အကျင့်သီလကောင်းမွန်ရေး၊ စိတ်ဓါတ်နှင့် စွမ်းအား ရှင်များ ပေါ်ထွန်းလာစေရေး၊ နိုင်ငံနှင့် လူမျိုးဘာသာ သာသနာကို အမှန်တကယ် ချစ်မြတ်နိုးသောစိတ်နှင့် စည်းလုံးညီညွတ်စွာ အကျိုးတူပူးပေါင်းနိုင်စေရေး ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြား၍ သိုင်းသရုပ်ပြခြင်း၊ ကိုယ်ခန္တာစွမ်းအားပြခြင်းများ ပြသပြီး ဆိုင်ကယ်တစ်စီးလျှင် လူ(၂) ဦးနှင့် ဆိုင်ကယ် (၈) စီးအား ၎င်း၏ ဆံပင်များဖြင့် ချီနှောင်၍ ဆိုင်ကယ်(၈) စီး၊ လူ(၁၆) ဦးအား ပေ(၃၀) ခန့် ဆွဲပြပြီး နံချပ်ကူ ကစားနည်းနှင့် အခြားသိုင်းကစားနည်း များ သရုပ်ပြခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.