2/18/14
လောင်းကစားပြုလုပ်သူများအား အရေးယူ
လောင်းကစားပြုလုပ်သူများအား အရေးယူ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီခွဲအချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဈေးကြိုကားဝင်း၊ ဆိုင်ခန်းအမှတ်(၁၄/၁၅)တွင် ပန်းသီးဂိမ်းလောင်းကစားဝိုင်း ပြုလုပ် နေကြောင်းသတင်းအရ မုပွန်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်နေ ဦးဌေးလွင်(၅၁)နှစ်ပါ (၄)ဦးတို့အား လောင်းကစားပြုလုပ်နေသည်ကိုတွေ့ရှိရပြီး BONUSစာတမ်းပါ ပန်းသီးဂိမ်းစက်(၆)လုံး၊YUEHUA 2006 MADE IN CHINA စာတမ်းပါ ပန်းသီးဂိမ်းလောင်း ကစား ရာတွင်အသုံးပြုသည့် အကြွေစေ့(၃၃၀)စေ့၊SPJ စာတမ်းပါအကြွေစေ့စက်(၁)လုံး၊ လောင်းကြေး ငွေကျပ်(၅၅၇၀၀ိ/)နှင့် လောင်းကစားရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့သဖြင့် ဌေးလွင်ပါ(၄)ဦး တို့အား မုပွန်နယ်မြေရဲစခန်း (ပ)၄၅/၂၀၁၄၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
Credit By -ရဲဇာနည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.