နိုင်ဂျီးရီးယားတွင် သေနတ်သမားများ၏ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉၀ သေဆုံး
Monday, February 17, 2014
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ ရွာတရွာကို အစ္စလာမ္မစ် သေနတ်သမားတွေက ၀င်ရောက် တိုက်ခိုက်ခဲ့လို့ လူအနည်းဆုံး အယောက် ၉၀ သေဆုံးသွားတယ်လို့ မျက်မြင်သက်တွေက ပြောပါတယ်။
Untitled-2 copyဘိုကိုဟာရမ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကင်မရွန်းနဲ့ နယ်စပ်မှာ ရှိတဲ့ ရွာကို သေနတ်နဲ့ ၀င်ပစ်ပြီး အိမ်ဒါဇင်နဲ့ ချီပြီး မီးရှို့ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
နိုင်ဂျီးရီးယား ကော်မရှင်နာရဲမင်းကြီးကလည်း တိုက်ခိုက်မှုကို အတည်ပြုပါတယ်။
ဘိုကိုဟာရမ်အဖွဲ့ဟာ အရင်တပတ်ကလည်း အဲဒီဒေသမှာပဲ မြို့တမြို့ကို တိုက်ခိုက်ခဲ့ပြီး လူအယောက် ၅၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
နိုင်ဂျီးရီးယားမှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေ အညီအမျှနီးပါး ရှိပါတယ်။ အစ္စလာမ္မစ်အဖွဲ့ ကတော့ ရှာရီယာဥပဒေကို ပြဋ္ဌာန်းဖို့ လိုလားနေပါတယ်။၊ လွန်ခဲ့တဲ့ ၄ နှစ်ခွဲအတွင်း လူပေါင်း ထောင်ချီကို သတ်ဖြတ်ခဲ့ပါတယ်။
ဘိုကိုဟာရမ်အဖွဲ့ရဲ့ သောင်းကျန်းမှုတွေကို နှိမ်နင်းဖို့ သမ္မတ ဂွတ်လပ် ဂျိုနသန်က တပ်တွေ တိုးစေလွှတ်ဖို့ မေလက အမိန့်ထုတ်ခဲ့ပေမယ့် လုံခြုံရေး ကိစ္စ အခက်ကြုံနေရပါတယ်။
DVB

No comments:
Post a Comment
Note: Only a member of this blog may post a comment.