2/19/14
ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်
ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်
ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။
ပြိုင်ကားဖမ်းဆီးရေးအဖွဲ့ကို ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး မချေမငံပြောဆိုခဲ့သည်ဟုဆိုကာ လူတစ်ဦးကို အရေးယူပေးရန် တိုင်တန်းသဖြင့် သာကေတရဲစခန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက်ည ၈ နာရီခွဲက သာကေတမြို့နယ် ဦးစီးရုံးမှ ရဲအုပ် စိုးဝဏ္ဏအောင်နှင့်အဖွဲ့ သည် သက်သေများနှင့်အတူ သာကေတမြို့နယ်၊ ရှုခင်းသာ ရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းမကြီး၊ ရှုခင်း သာဟိုတယ်ရှေ့တွင် ပြိုင်ကားဖမ်းဆီးရေးတာဝန်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် ၉ နာရီ ၄၅ မိနစ်တွင် ဒေါပုံဘက်မှ သန်လျင်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ခြင်းမပြုဘဲ အော်ဟစ်စီးနင်းသွားသည်ဟုလည်း ထည့်သွင်းပြောပြတိုင် တန်းထားသည်။
ထို့ပြင် စစ်ဆေးရေးအဖွဲ့နှင့် ကိုက် ၁၀၀ အရောက်တွင် အဆိုပါဆိုင်ကယ်မှာ ပြန်ကွေ့လာပြီး တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ အတားအဆီး သံဘယ်ရီဂိတ်အား ၀င်တိုက်ခဲ့သည်ဟု ဆိုထားသည်။
ထို့ပြင် မချေမငံပြောဆိုသဖြင့် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်စီးနင်းသူသည် သာကေတမြို့နယ်၊ ၄/တောင် ရပ်ကွက်နေ ဇော်လင်းထွန်း(ခ)ဇော်ဇော် (၂၇)နှစ်၊ ၀ါယာရိန်းလုပ်ငန်းလုပ်ကိုင်နေသူဖြစ်သည်ဟု အတည် ပြုထားသည်။
၎င်းစီးနင်းသော ဆိုင်ကယ်မှာ လိုင်စင်ရှိဖြစ်သော်လည်း တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းအဖွဲ့ကို အနှောင့်အယှက် ဖြစ်စေသည်ဟုဆိုကာ ဇော်လင်းထွန်းအပေါ် အရေးယူပေးရန် ရဲအုပ်စိုးဝဏ္ဏအောင်က တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ယင်းတိုင်တန်းမှုကို သာကေတရဲစခန်းက (ပ)၇၇/၂၀၁၄ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို တာဝန် နှောင့်ယှက်မှု ပုဒ်မ ၃၅၃ ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.