ယာဉ်တစ်စီးအရှိန်လွန်ကာ တံတားဘောင်အားတိုက်မိပြီး
တံတားအောက်ရှိ ရထားသံလမ်းပေါ်သို့ ပြုတ်ကျ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
၂၀.၂.၂၀၁၄ရက်နေ့ ၀၁၄၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း မြောက်ဥက္ကလာ ဘက်မှမရမ်းကုန်းဘက်သို့ ယာဉ်မောင်း အောင်ကိုကို (ဘ)ဦးစိန်မင်း၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ် နေသူမောင်းနှင်လာသည့်ဆ/----BM
(၂၃၅)လိုင်းခရီးသည်တင်အဖြူရောင်ယာဉ်သည် အုတ်ပုံဆိပ် တံတား(လမ်းဝတံတား)အလယ်သို့အရောက်အရှိန်လွန်ကာ
ဝဲဘက်တံတားဘောင်အား ၀င်ရောက်တိုက်မိပြီး တံတားအောက်ရှိ ရထားသံလမ်းပေါ်သို့ ပြုတ်ကျသွားခဲ့ပါသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့်တံတားဘောင်တို့
ပျက်စီးခဲ့သည့်အပြင် ယာဉ်မောင်း အောင်ကိုကိုမှာ ရင်ဘတ်ပွင့်ထွက်၊ ယာလက်မောင်းဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်
နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည်
(၅)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိကာ
မြောက်ဥက္ကလာပဆေးရုံ၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသရသောကြောင့် ယာဉ်မဆင်မခြင်
မောင်းနှင်သူ အောင်ကိုကိုအား မြောက်ဥက္ကလာပမြို့မရဲစခန်း
ယာဉ်(ပ)၁၀/၂၀၁၄၊ ပုဒ်မ ၃၃၇/၃၃၈/ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.