အောင်မြင်သောပဋိသန္ဓေတစ်ခုဖြစ်လာရန် သားအိမ်က သတ်မှတ်
[ ကိုဗင်ထရီ၊ ]
သန္ဓေသားတစ်ခု အောင်မြင်စွာစိုက်ဝင် မှု သို့မဟုတ် သန္ဓေတည်မှုဖြစ်မဖြစ် သားအိမ်က သတ်မှတ်သော ဝင်ခွင့်စာမေးပွဲတစ်ခုက မည်သို့ ဆုံးဖြတ်သည်ကို သုတေသီတို့က တွေ့ရှိထားပြီ ဖြစ်သည်။
ယင်းတွေ့ရှိချက်မှာ ပဋိသန္ဓေကုသ သူများအတွက် သမိုင်းဝင်တိုးတက်မှုဖြစ်လာ ရန် အလားအလာကောင်းလျက်ရှိသည်။
သားအိမ်၏ အတွင်းမျက်နှာပြင်သည် နောက်ထပ်ဖွံ့ဖြိုးရန် ပံ့ပိုးသင့်မပံ့ပိုးသင့် သန္ဓေ သားတစ်ခုချင်းစီကို မည်သို့လေ့လာဆုံးဖြတ် ကြောင်း ဝါးဝစ်ဆေးကျောင်း၊ University Hos-pital Coventry နှင့် Warwickshire NHS Trust တို့ဦးဆောင်သောလေ့လာမှုက မီးမောင်း ထိုးပြခဲ့သည်။
သန္ဓေမစွဲကပ်မီ လူသားသန္ဓေ သားများမှာ မျိုးဗီဇအရ ကွဲပြားသည်။ အချို့ သန္ဓေသားများသည် ပုံမှန်ဆဲလ်များ လုံးဝမပါ ဘဲ အချို့သန္ဓေသားများမှာ ပုံမှန်နှင့်ပုံမှန်မဟုတ် သောဆဲလ်များရောနေသည်။ ထို့ကြောင့် သန္ဓေ သားနှစ်ခုသည် ဖွံ့ဖြိုးမှုအစောပိုင်းအဆင့်တွင် မတူညီနိုင်ပေ။
အရည်အသွေးမြင့်မားသော လူ့သန္ဓေသား များသည် Trypsin ဆိုသည့် ဓာတုပစ္စည်းတစ်မျိုး ထုတ်လုပ်ပေးပြီး ¤င်းဓာတုပစ္စည်းက သန္ဓေစွဲ ကပ်မှုအား သားအိမ်အတွင်း မျက်နှာပြင်များ က ထောက်ပံ့စေရန်ကူညီပေးသည်။
အဆိုပါဓာတုပစ္စည်း အချက်ပြမှုလွတ် ကင်းခြင်းကို အရည်အသွေးနိမ့်သော သန္ဓေသား များတွင် တွေ့ရပြီး ယင်းအရည်အသွေးနိမ့်သန္ဓေ သားများကို ကယ်တင်မည် သို့မဟုတ် သုတ်သင် ရှင်းလင်းမည်နှင့် ပတ်သက်၍ သားအိမ်တွင်း၌ သတိပေးတပ်လှန့်တုံ့ပြန်မှုတစ်ခု ဖြစ်စေသည်။
အသင့်မဖြစ်သေးသော သားအိမ်တစ်ခု သည် တင်းကျပ်လွန်းသော သို့မဟုတ် လျော့ရဲ လွန်းသောစမ်းသပ်မှုကို ပြုလုပ်သဖြင့် အောင် မြင်သော ကိုယ်ဝန်ဖြစ်နိုင်သည့် အခွင့်အလမ်း များလျော့နည်းစေသည်ဟု ¤င်းကပြောသည်။
Ref: Medical Today News
No comments:
Post a Comment
Note: Only a member of this blog may post a comment.