16 hrs ·
အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းကပ်တုံးများအား ၀င်ရောက်တိုက်မိ
နေပြည်တော်၊ သြဂုတ် ၁၁
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဖြူးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်နေ ကျော်စိုး(၄၁)နှစ်မောင်းနှင်လာသည့် 4E/xxxx High Class ကင်လုံအ၀ါရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းကိုကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာရှေ့ဘန်ဘာဝဲဘက်ခြမ်းပိန်ချိုင့်၊ ၀ဲဘက်ရှေ့ဘီးပြုတ်၊ တိုက်ရော့ကျိုး၊ တန်ဘိုးငွေကျပ်(၈)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ကျော်စိုးအား ဖြူးအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

No comments:
Post a Comment
Note: Only a member of this blog may post a comment.