ရုပ်ရှင်လောကသားများအနက် ကိုယ်ပိုင်အိုးအိမ်မရှိသည့် အနုပညာရှင်များအား နိုင်ငံတော်မှ ပေးအပ်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း လျှောက်ထားနိုင်
===============================================
ရန်ကုန်၊ ဩဂုတ် ၁၁- ရုပ်ရှင်လောက သားများအနက် ကိုယ်ပိုင်အိုးအိမ် မရှိသည့် အနုပညာရှင်များအား နိုင်ငံတော်မှပေးအပ်မည့် တန်ဖိုး နည်းအိမ်ရာ စီမံကိန်း တွင်လျှောက် ထားနိုင်ကြောင်း သိရသည်။
===============================================
ရန်ကုန်၊ ဩဂုတ် ၁၁- ရုပ်ရှင်လောက သားများအနက် ကိုယ်ပိုင်အိုးအိမ် မရှိသည့် အနုပညာရှင်များအား နိုင်ငံတော်မှပေးအပ်မည့် တန်ဖိုး နည်းအိမ်ရာ စီမံကိန်း တွင်လျှောက် ထားနိုင်ကြောင်း သိရသည်။
နိုင်ငံတော် အစိုးရသည် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ရုပ်ရှင် လောကသား များ နိုင်ငံတော်မှ တန်ဖိုး နည်းအိမ်ရာစီမံကိန်းတွင် လျှောက် ထားနိုင်ကြောင်း လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''အရင်တုန်းကတော့ အနုပညာ လောကသားတွေကို ဒီလိုမျိုးလုပ်ပေး ဖူးလား၊ မပေးခဲ့ဖူးလားဆိုတာတော့ သေချာမသိဘူး။ အခုတော့ အနု ပညာလောကသား အစည်းအရုံးဝင် တွေထဲက ဘယ်အခြေခံအလွှာက မဆို လျှောက်ထား နိုင်ပါတယ်။ ဒီလို လုပ်ပေးတာက ရုပ်ရှင်လောကတစ်ခု တည်းပဲထင်တယ်။ ဂီတလောကနဲ့ သဘင်လောကတွေဆီကတော့ ဘာ သံမှ မကြားသေး ဘူး''ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးဒု-ဥက္ကဋ္ဌ၂ ဦးအေးကြူလေးက ပြောသည်။
ရုပ်ရှင်လောကသားများတန် ဖိုးနည်းအိမ်ရာလျှောက်ထားရာ တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအ ရုံး၌ အခြေခံအလွှာ(၁၀)လွှာ ရှိသည့် အနက်စက်မှု အလွှာနှင့်ဇာတ်ပို့အ လွှာတို့မှ အများဆုံးလျှောက်ထား ကြကြောင်း သိရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်း အ ရုံးမည်သည့် အခြေခံအလွှာမဆို နိုင်ငံတော် မှ ပေးအပ် မည့်တန်ဖိုး နည်းအိမ်ရာစီမံကိန်းတွင် ပါဝင် လျှောက်ထား နိုင်သော် လည်း အမှန် တကယ် အိုးပိုင်အိမ်ပိုင်မရှိသည့် အနု ပညာရှင်များကိုသာ ဦးစားပေး ဆောင်ရွက်ပေး သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကဦးနှင်းမိုးက ''သေချာတာ ကတော့စက်မှုအလွှာနဲ့ဇာတ်ပို့အ လွှာကတော့ အများဆုံးပဲဖြစ် မှာ ပဲ။ အခုနောက်ပိုင်းအနုပညာရှင်တွေ အိုးမင်းမစွမ်းဖြစ်လာတဲ့အခါကျရင် အိုးမဲ့အိမ်မဲ့နဲ့နေစရာမရှိကြတာများ လာကြတယ်။ ဒီလိုမျိုးတန်းဖိုးနည်း အိမ်ရာစီမံကိန်းရှိလာတော့ ဒီလိုမျိုး မဖြစ်တော့ဘူးပေါ့''ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးသို့ တန်ဖိုးနည်းအိမ် ရာရရှိရန်အတွက် အခြေခံအလွှာ (၁၀)လွှာမှ လာရောက်လျှောက် ထား ရာတွင် လျှောက်လွှာတစ်ထောင် ကျော်ရှိနေပြီး စက်မှုအလွှာမှ လေး ရာကျော်ငါးရာနီးပါးရှိ၍ ဇာတ်ပို့ အလွှာမှ လည်း သုံးရာကျော်လေးရာ နီးပါးရှိနေကြောင်း သိရသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.