သတင်းနှင့်နည်းပညာများ

8/11/14

Telenor ၏ မိုဘိုင်းဖုန်း တေးသွားအဖြစ် အသုံးပြုမည့် တေးသွား ငွေကြယ်ပွင့် အစီအစဉ် အတွက် ဆန်ခါတင် ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်သည်။



Telenor ၏ မိုဘိုင်းဖုန်း တေးသွားအဖြစ် အသုံးပြုမည့် တေးသွား ငွေကြယ်ပွင့် အစီအစဉ် အတွက် ဆန်ခါတင် ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန်သည်။

ပြိုင်ပွဲဝင်သူ ၈၅၀၀ မှ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ယင်းထဲမှ တဖန် ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ Telenor ၏ သံစဉ်တေးသွားအဖြစ် စက်တင်ဘာတွင် အသုံးပြုသွား မည်ဖြစ်ကြောင်းသိရသည်။ အနှစ်သက် ဆုံး တေးသွားကို သြဂုတ်၁၂ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း မဲပေးနိုင်ကြောင်း၊ မဲပေးသူများ သည်  ကျပ် ၁ သိန်းတန် မိုဘိုင်းဖုန်း ၁၀၀ ကိုလည်း ကံစမ်းခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဆန်ခါတင် သုံးဦး ၏ တေးသွားကို Telenor Myanmar ၏ တရားဝင် Facebook Page ဖြစ်သော www.facebook.com/TelenorMyanmar တွင် လည်းကောင်း၊ တေးသွားငွေကြယ်ပွင့် hotline ဖြစ်သော ဖုန်း ၀၁-၂၃၉၉၆၇၈ (သို့မဟုတ်) ၁၈၈၇၇ သို့ S1, S2, S3 ဟု SMS ပေးပို့၍ လည်းကောင်း မိမိနှစ် သက်ရာ တေးသွားကို မဲပေးရွေးချယ်နိုင်ကြောင်း သိရသည်။

သုံးယောက်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပထမဆု ကျပ်သိန်း ၁၀၀၊ ဒုတိယနှင့်တတိယဆု ကျပ်သိန်း ၂၀ စီဖြစ်ကြောင်းသိရသည်။ အနုပညာရှင် ဒိုင်လူကြီးများ အဖြစ် ခင်မြတ်မွန်၊ဓိရာမိုရ်၊ လင်းလင်းတို့ က ဆောင် ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ ပြိုင်ပွဲဝင်သူများ အနေဖြင့် အဆိုပါအနုပညာရှင်ဒိုင် လူကြီးများနှင့်အတူ လက်တွဲဆောင် ရွက်ခွင့်ရရှိမည်ဖြစ် ကြောင်း သိရသည်။ တယ်လီနော၏ မိုဘိုင်း ဆက်သွယ်ရေး ၀န်ဆောင်မှုတွင် သီချင်းဖျော်ဖြေရေးနှင့် သက်ဆိုင်သောဝန်ဆောင်မှုများကို ခံစားနိုင်ရန်လည်း အပါအဝင်ဖြစ်ကာ အဆိုပါ ဆောင်ရွက်ချက်အဖြစ် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ အနိုင်ရရှိသော တေးသွားကို တယ်လီ နောမှ ဝန်ဆောင်မှုပေးသော နေရာများဖြစ်သည့် တယ်လီနော call center များ၊ အလိုအလျှောက် ဖြေကြားမှုစနစ်များနှင့် တယ်လီ နော၏ ring tune တွင် အသုံးပြုမည်ဖြစ်သည်။

ဆန်ခါတင် သုံးယောက်မှာ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်မှဖြစ်ကြောင်း သိရသည်။  Telenor Myanmar ၏ မိုဘိုင်းတေးသွားပြိုင်ပွဲတွင် အနိုင်ရရှိသောတေးသွားအား Telenor တွင် အသံပိုင်းဆိုင်ရာ အသုံးပြုမှု များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း၊မြန်မာနိုင်ငံရှိ ဂီတခုံမင်သူ အားလုံး အဆိုပါ အစီအစဉ်တွင် ပါဝင်နိုင်ကြောင်းဖြင့် ဇွန်လအတွင်းက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  ဖန်တီးထားသော ကိုယ် ပိုင်သံစဉ်ကို Telenor Myanmar ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် Upload လုပ်ခြင်း၊ အသံသွင်းထားသော ဖိုင်ကို စီဒီသို့မဟုတ် USB ဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးနှင့် မော်လမြိုင်တို့ရှိ သတ်မှတ် ထားသော နေရာများတွင် ပေးပို့ခြင်း၊ ယင်းမြို့ငါးမြို့ရှိ အသံသွင်းရန် သတ်မှတ်ထားသော စတူဒီယိုများတွင် အသံသွင်းခြင်းစသည့် နည်းလမ်းများဖြင့် ပါဝင်နိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ထွန်းထွန်း
 http://www.internetjournal.com.mm/content/14005

No comments:

Post a Comment

Note: Only a member of this blog may post a comment.