ဝဲဘက်ရှေ့ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိဘာရီယာတုံး(၁၀)တုံးအား ၀င်ရောက်တိုက်မိ
နေပြည်တော်၊ သြဂုတ် ၁၃
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၂/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်းနေ နိုင်ဦး(၄၀)နှစ် မောင်းနှင်လာသော 4D/xxxx လင့်ခရူဇာခဲရောင်ယာဉ်သည် ၀ဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘာရီယာတုံး(၁၀)တုံးအား ၀င်ရောက်တိုက်မိခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် 4D/xxxx လင့်ခရူဇာခဲရောင်ယာဉ်မှာ ရှေ့ဘန်ဘာပြုတ်ထွက်၊ ၀ဲ/ယာရှေ့ ဘော်ဒီပိန်ချိုင့်၊ ယာဘက်တံခါးပိန်ချိုင့် တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် နိုင်ဦးအား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ရဲဇာနည်
No comments:
Post a Comment
Note: Only a member of this blog may post a comment.