သတင်းနှင့်နည်းပညာများ

8/16/14

အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ် လမ်းလယ်ကျွန်းကပ်တုံးနှင့်ရေပြွန်ပေါက်အား ၀င်ရောက်တိုက်မိပြီး လမ်းဘေးမြောင်းထဲထိုးကျ


အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ် လမ်းလယ်ကျွန်းကပ်တုံးနှင့်ရေပြွန်ပေါက်အား ၀င်ရောက်တိုက်မိပြီး လမ်းဘေးမြောင်းထဲထိုးကျ
နေပြည်တော်၊ သြဂုတ် ၁၅
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၅/၀-၁)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နေ စောအောင်ဝင်းသိန်း(၂၉)နှစ်မောင်းနှင်လာသော 8J/xxxx ““နေကြယ်မင်း””ခရီးသည်တင်မှန်လုံယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံ ထားသည့်ကပ်တုံးနှင့် လမ်းလယ်ကျွန်းပေါ်ရှိရေပြွန်ပေါက်အား ၀င်ရောက်တိုက်မိပြီး လမ်းယာဘက်မြေသား လမ်းဘေးရှိ မြောင်းထဲသို့ ထိုးကျရပ်တန့်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ၀ဲဘက်ရှေ့ဘီးကွဲ၊ ရှေ့ဘန်ဘာဝဲဘက်ခြမ်းပိန်ချိုင့်၍ တန်ဘိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ စောအောင်ဝင်းသိန်းအား မြို့ချောင်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၄၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
L

No comments:

Post a Comment

Note: Only a member of this blog may post a comment.