မြောက်ကိုရီယားတိုက်ခိုက်ရေးသမားများရဲ့ အစွမ်းပြချက်များ
TUESDAY, AUGUST 12, 2014
အခု ဖော်ပြထားတဲ့ ဗီဒီယို မှတ်တမ်းဟာ ကြည့်ရသူတို့အဖို့ အလွန်အံ့သြတုန်လှုပ်သွားပါလိမ့်မယ်။ ဒီရုပ်/သံ မှတ်တမ်းဟာ ကမ္ဘာ့အထီးကျန်သီးခြားကမ္ဘာတခုဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံက ပေါ်ထွက်လာတာဆိုရင် ပိုအံ့သြသွားကြမယ်ထင်ပါတယ်။
ဒီ ဗွီဒီယို မှတ်တမ်းဟာ မြောက် ကိုရီးယား နိုင်ငံက တိုက်ခိုက်ရေးသမားတွေကို ကိုယ်ခံပညာ လေ့ကျင့် မှုတွေနဲ့ စွမ်းဆောင်မှု ပြကွက် တွေပါဘဲ။
လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကလည်း သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေကို အားပေး ကြည့်ရှုတဲ့ ပြကွက်တွေလည်း ဒီရုပ်/သံ ဖိုင်မှာမြင်ကြရပါမယ်။
မြောက်ကိုရီးယား တိုက်ခိုက်ရေးသမားတွေဟာ သူတို့ကိုယ်ခန္ဓာတွေကို တကယ့် ကျောက်စိုင်၊ ကျောက် သား တွေ လို ဖြစ်အောင် လေ့ကျင့်ကြသလို ခံနိုင်ရည်စွမ်းအားတွေ မြင့်သည် ထက်မြင့်အောင် လေ့ကျင့်
ကြ တယ်။
တဖက်ကလည်း သူတို့ရဲ့ ကိုယ်ခံပညာတိုက်ခိုက်ရေးစွမ်းရည်တွေကို အစွမ်းထက်အောင် လေ့ကျင့်ကြ တယ်။
လူသာမန် တွေမစွမ်းနိုင်တာတွေကို စွမ်းနိုင်အောင် ဘယ်လောက် လေ့ကျင့်ထားတယ်ဆိုတာ ထင်ထင် ရှားရှား သိနိုင်ပါလိမ့်မယ်။
ဒီလို လေ့ကျင့်မှုတွေရဲ့နောက်ကွယ်မှာ မြောက်ကိုရီးယားနိုင်ငံသား ဘယ်နှစ်ယောက်ဟာ အသက် စတေးခဲ့ရ ပြီးမှ ဇကာတင် ကျန်ရှိနေတဲ့ တိုက်ခိုက်ရေးသမားတွေလည်းလို့ အတွေးဝင်မိကြမယ် ထင်ပါတယ်။
အခု ရုပ်/သံမှာမြင်ရတဲ့ စတန့်ပြကွက်တွေအတွက် ဧရာဝတီပရိသတ်လည်း မိမိတို့ ယူဆချက်တွေကို ယဉ်ကျေး စွာ ဆွေးနွေးကြည့်နိုင်ပါတယ်။
ဒီလို စွမ်းဆောင်ရည်မြင့်မားတဲ့ တိုက်ခိုက်ရေးသမားတွေ နိုင်ငံတခုအတွက် လိုအပ်ပါရဲ့လား၊ လိုအပ်တယ် ဆို ရင် ဘာကြောင့်လိုအပ်တယ်ဆိုတာနဲ့ မလိုအပ်ဘူးဆိုရင် ဘာကြောင့်မလိုအပ်တာလည်း ဆိုတာ
ဆွေးနွေးနိုင်ပါတယ်။
http://blog.irrawaddy.org/2014/08/blog-post_44.html
အိမ့်သံစဉ် ~
No comments:
Post a Comment
Note: Only a member of this blog may post a comment.