သတင်းနှင့်နည်းပညာများ

8/16/14

ဘယ်သူက ဘယ်သူ့ ကို ကံကြမ္မာဆိုးပေးခဲ့တာလဲ? ဘယ်သူက အစစ်အမှန် ပညာရှိဖြစ်ခဲ့သလဲ?


ho gave whom bad luck and who was real wise man?
------------------------------------------------------------
A philosophical post for all of my dear readers.
--------------------------------------------------
ဘယ်သူက ဘယ်သူ့ ကို ကံကြမ္မာဆိုးပေးခဲ့တာလဲ?
ဘယ်သူက အစစ်အမှန် ပညာရှိဖြစ်ခဲ့သလဲ?
ဦးဇင်းရဲ့  ခင်မင်တဲ့ မိတ်ဆွေ စာဖတ်သူများအတွက် အတွေးအမြင်ဆိုင်ရာ ပို့စ်လေး ဖြစ်ပါတယ်-
I repeatedly considered what sort of thoughtful unusual flavor of literature to offer to my readers in today post.
Because I have heard writings without thoughtful philosophy is like a curry without salt for it's readers cannot heartily enjoy perfect literary flavor by reading it.
ဒီနေ့ ပိုစ်မှာ ဦးဇင်းရဲ့ စာဖတ်သူတွေကို အတွေးခေါ်လေးနက်ပြီး ထူးထူးခြားခြား ရသပေးနိုင်တဲ့ စာလေးတစ်ပုဒ် တင်ပြပေးဖို့  အဖန်ဖန်အထပ်ထပ် စဉ်းစားခဲ့ပါတယ်--
အတွေးခေါ်မပါတဲ့ စာကိုဖတ်ရတာဟာ ဆားမပါတဲ့ဟင်းကို စားရတာနဲ့ တူတယ်ပါတယ်-
ဘာဖြစ်လို့ လဲဆိုတော့ စာဖတ်သူမှာ စာပေရဲ့ အရသာကို ပြည့်ပြည့်ဝဝ မခံစားရတဲ့အတွက်ကြောင့်ဖြစ်တယ်--
I will repeat an odd event about which I have red in a philosophical book before.
It was written about a world famous poet called Kalidasa who was very intellectual, sensible and academic since he was a child.
ဒဿနစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဘူးတဲ့ ထူးထူးခြားခြား အကြောင်းရာလေးတစ်ခုကို ပြန်လည်ဖောက်သယ် ချပေးလိုက်ပါတယ်--
စာအုပ်ထဲမှာ ရေးထားတာက ငယ်စဉ်ကထဲက ဉာဏ်ထက်မြက်ပြီး စဉ်းစားချင့်ချိန်တတ်သော ပညာပါရမီရှင်- ကမ္ဘာကျော် ကဗျာဆရာကြီး ကာလီဒါသအကြောင်း ဖြစ်ပါတယ်--
Kalidasa was a famous Sanskrit poet who lived in India during the third century A.D.
As a young boy, he was so poor and lived with his mother in a small hut facing the king's palace.
Within the palace wall was a large orchard of mango trees. During the fruit season, the trees were heavy with sweet delicious mangoes.
ကာလီဒါဆိုတာ အေဒီ သုံးရာစုအတွင်းက အိန္ဒိယနိုင်ငံမှာ နေထိုင်ခဲ့တဲ့ ထင်ရှားကျော်ကြားသည့် သက္ကတကဗျာဆရာကြီးတစ်ဦးဖြစ်ပါတယ်--
ကလေးအရွယ်တုန်းက အလွန်ဆင်းရဲပြီး ဘုရင့်နန်းတော်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တဲငယ်လေးထဲမှာ မိခင်ကြီးနှင့်အတူနေခဲ့ပါတယ်--
ထိုစဉ်က နန်းတော်ရဲ့ နံရံအတွင်းမှာ အလွန်ကျယ်ဝန်းတဲ့ သရက်ခြံကြီးရှိခဲ့ပါတယ်--
ခြံထဲကအပင်တွေဟာ သစ်သီးချိန်ရာသီမှာဆိုလျင် အရသာချိုမြိန်လှတဲ့ သရက်သီးတွေ အများအပြားသီးပါတယ်--
When no one was watching, Kalidasa would climb over the walls and collect some mangoes.
One day when Kalidasa was steeling the mangoes, he did not realize that the king was watching him from the palace window.
That morning, while the king was peeling a mango, he accidentally had cut hand.
ကာလီဒါသလေးဟာ ဘယ်သူမှကြည့်မနေချိန်မှာ နံရံပေါ်တက်ပြီး သရက်သီးအချို့ ခူးယူခဲ့တယ်--
တစ်နေ့  သူ သရက်သီးခိုးယူနေချိန် ဘုရင်ကြီးက နန်းတော်ပြူတင်းပေါက်က ကြည့်နေခဲ့တယ်ဆိုတာကို သတိမပြုခဲ့ပါဘူး--
အဲဒီနံနက် ဘုရင်ကြီး သရက်သီးလှီးစဉ်မှာ လက်ကိုဓားရှသွားခဲ့တယ်--
Since the cut drew a lot of blood, the king summoned his wise men and fortune tellers to tell him the significance of that accident.
The wise men thought for a while and and asked the king if he saw anything unusual that morning. The king replied that he saw a boy stealing some mangoes from the palace ground.
ဓားဒဏ်ရာက သွေးအလွန်ထွက်တဲ့အတွက် ဘုရင်ကြီးဟာ ပညာရှိအမတ်တွေနဲ့  ဗေဒင်ဆရာတွေကို ဆင့်ခေါ်ပြီး မတော်တဆထိခိုက်မှုနဲ့ ပတ်သက်တဲ့ နိမိတ်အဓိပ္ပါယ်ကို ပြောစေခဲ့ပါတယ်--
ပညာရှိအမတ်တွေဟာ တခဏစဉ်းစားပြီး ဒီမနက်ခင်းမှာ ထူးထူးခြားခြား ဘာမြင်မိခဲ့ပါသလဲလို့  ဘုရင်ကြီးကို မေးလျောက်ကြပါတယ်--
နန်းတော်ရင်ပြင်ထဲက သရက်သီးကို ခိုးယူနေတဲ့ ကလေးငယ်တစ်ယောက်ကို မြင်ခဲ့တယ်လို့  ဘုရင်ကြီးက ပြန်ဖြေပါတယ်--
'' Oh! What your majesty saw was very an inauspicious. That boy will bring you bad luck,'' said the wise men. '' It is good if your majesty could get rid of him immediately."
ဖြစ်ရလေ- အရှင်မင်ကြီးမြင်ခဲ့တာဟာ အလွန်ကျက်သရေမင်္ဂလာမရှိတဲ့အရာဖြစ်တယ်-
ထိုကလေးငယ်ဟာ အရှင်မင်းကြီးထံ ကံကြမ္မာဆိုးကို သယ်ဆောင်လာပါတယ်--
ထိုကလေးငယ်ကို ချက်ခြင်း သုတ်သင်ရှင်းလင်ပစ်မှ ကောင်းပါမယ်လို့  ပညာရှိတွေက လျောက်တင်ကြပါတယ်--
The king ordered that Kalidasa be brought before him.
As the poor trembling boy stood before the king, he was told that the king had seen him stealing the mangoes and this had brought the king bad luck.
He was asked if he had anything to say before he was taken away for execution.
ဘုရင်ကြီးက ကာလီဒါသကို ရှေ့ တော်သွင်းစေလို့  အမိန့် ထုတ်လိုက်ပါတယ်--
ကြောက်လှန့် တုန်လှုပ်နေတဲ့ ဆင်းရဲသားကလေးငယ်လေး ဘုရင့်ရှေ့ တော်မှောက်ရောက်တာနဲ့  သင် သရက်သီးခိုးနေတာကို ဘုရင်းကြီးမြင်ခဲ့တယ် ဒါဟာ ဘုရင်ကြီးထံ ဘုန်းကံနိမ့်စေတဲ့အမင်္ဂလာကို ယူလာခြင်းဖြစ်တယ်-
သေဒဏ်စီရင်ကွပ်မြက်ဖို့  ခေါ်သွားမခံရမီ ဘာများပြောချင်လဲလို့  သူ့ ကိုမေးပါတယ်--
I am very sorry for bringing you bad luck, Your Majesty," said Kalidasa. '' But it is reasonable to also punish accordingly the person who saw me this morning because as you can see he has brought me bad luck too."
အရှင်မင်းကြီးထံ ကံကြမ္မာဆိုးယူလာပေးမိတဲ့အတွက် အကျွန်ုပ် အလွန် စိတ်မကောင်းဖြစ်မိပါတယ်--
ဒါပေမဲ့ ဒီမနက်ခင်း အကျွန်ုပ်ကို မြင့်ခဲ့သူကိုပါ အပြစ်ပေးမှ ကျိုးကြောင်းဆီလျော်မျှတပါမယ်--
ဘာဖြစ်လို့ လဲဆိုတော့ အရှင်မင်းကြီးမြင်တဲ့ အတိုင်းပါပဲ--
သူကလဲ ကျွန်ုပ်ထံ ( သေဒဏ်ကြစေမဲ့ ) ကံကြမ္မာဆိုး ယူလာပေးတာပါပဲလို့  ကာလီဒါသလေးက ပြန်ပီးသံတော်ဦးတင်လိုက်ပါတယ်-
That reply surprised the king as he realise that he was a fool to have listened to the fortunetellers who called themselves wise men.
Being impressed with Kalidasa, the king adopted him as his son.
It was in the palace that Kalidasa developed his literary skills and later emerged as a famous poet in India.
ကာလီဒါသလေးက ပြန်ပြောလိုက်တဲ့စကားဟာ ဘုရင်ကြီးကို အံ့အားသင့်စေခဲ့ပြီး သူတို့ ကိုယ်သူတို့  ပညာရှိအမတ်လို့ ခေါ်ခံနေကြတဲ့ ဗေဒင်ဆရာပရောဟိတ်တွေရဲ့  စကားကိုနားထောင်မိတာ အရူးဖြစ်တာပဲလို့ ဘုရင်ကြီး သဘောပေါက်သွားပါတယ်--
ဘုရင်ကြီးက ကာလီဒါသလေးကို သဘောကြပြီး သားတော်လေးအဖြစ် မွေးစားခဲ့ပါတော့တယ်-
ဒါဟာ ကာလီဒါသရဲ့  စာပေကျွမ်းကျင်မှုကို ဖွံ့ ဖြိုးတိုးတက်စေခဲ့တဲ့ နန်းတော်တော်ထဲမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူဟာ ထင်ရှားတဲ့ အိန္ဒိယ ကဗျာဆရာကြီးတစ်ဦးအဖြစ် ထွန်းတောက်လာပါတော့တယ်--
Who gave whom bad luck and who was real wise man?
ဘယ်သူက ဘယ်သူ့ ကို ကြမ္မာဆိုးပေးခဲ့ပါသလဲ--
ဘယ်သူက အစစ်အမှန် ပညာရှိဖြစ်ခဲ့ပါသလဲ--
မေတ္တာဖြင့်
အရှင်ကုမုဒ ( ဗောဓိတစ်ထောင် )
ပီချိပ်ဒီ-ကျမ်းပြု
မဂဓတက္ကသိုလ်- အိန္ဒိယ
15-8-2014

No comments:

Post a Comment

Note: Only a member of this blog may post a comment.