ဓမ္မစေတီခေါင်းလောင်းပေါ်ရှိ သင်္ဘောပျက်ကို ဖယ်ရှားနေကြောင်း ဆယ်ယူရေးအဖွဲ့ပြော
ခေါင်းလောင်းဆယ်ယူရေးအဖွဲ့များကို သြဂုတ် ၁၃ ၇က်က တွေ့ရစဉ် (ဓာတ်ပုံ - နစ်ကီ)
ရေအောက်တွင်နစ်မြုပ်နေသော ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည်မှာ ငါးရက်ရှိပြီဖြစ်သော်လည်း ခေါင်းလောင်းပေါ်တွင် ဖုံးအုပ်နေသော သင်္ဘောပျက်တစ်စီးကို ဖယ်ရှားနေသည့်အဆင့်သာ ရှိသေးကြောင်း ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ထံမှ သတင်းရရှိသည်။
ဓမ္မစေတီခေါင်းလောင်းကြီး အပေါ်တွင် သင်္ဘောပျက်တစ်စီး က ဖုံးအုပ်လျက်ရှိနေသော ကြောင့် ယင်းသင်္ဘောကို ဖယ်ရှား နေသည့်အချိန်ဖြစ်နေပြီး ရေ အောက်တွင် ခေါင်းလောင်းအမှန် တကယ်တွေ့ရှိပြီလားဆိုသည့် မေးခွန်း နှင့်ပတ်သက်၍ ဆယ်ယူရေးအဖွဲ့က နောက်မှသတင်းထုတ်ပြန်မည်ဖြစ်၍ ပြောကြားခဲ့ခြင်းမရှိချေ။
ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးလုပ်ငန်းကို ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန် မြစ်ဆုံစည်းရာ မြစ်ဝတွင် အမှတ်အသားပြုစည်းဝိုင်းတားကာ ရေငုပ်သမားများနှင့်အလှည့်ကျ လုပ်ဆောင်နေခြင်းဖြစ်သည်။ ရန်ကုန်မြစ်ဝတွင် သုံးထပ်သင်္ဘောတစ်စီးက ကျောက်ချရပ်နားထားပြီးယင်းအနီးတွင် စက်လှေငယ်တစ်စီးက ထပ်မံရပ်နားထားကာ ပရိတ်ရွတ်ခြင်း၊ စောင့်ကြည့်ခြင်းများကို အဆက်မပြတ်ပြုလုပ်လျက်ရှိသည်။
‘‘အသေးစိတ်အချက် အလက်ကို ရေးမှတ်ထားပါတယ်။ အခုချိန်မှာတော့ ပြောပြလို့မရ သေးပါဘူး။ မကြာမီသတင်းထုတ် ပြန်သွားမှာပါ’’ဟု ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ဦးဆောင်သူ ဦးစံလင်းက ပြောသည်။
ဆလုံရေငုပ်သမား ၁၀ ဦး၊ ဆယ်ယူရေးအဖွဲ့တွင် လူဦးရေ ၇၀ စုစုပေါင်း လူပေါင်း ၈၀ ဖြင့် ဆယ်ယူနေကြပြီး တစ်ရက်လျှင် ရေထချိန်မနက်၊ ညနေတစ်ကြိမ် စီငုပ်ပြီး ရေစီးကြမ်းသည့်နေ့တွင် တစ်နေ့တစ်ကြိမ်သာ ငုပ်နိုင်ခဲ့ သည်ဟု သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ခွင့်ပြုချက်ပေးသည်နှင့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ရေးလုပ်ငန်းကို ဩဂုတ် ၉ ရက် က စတင်ခဲ့ပြီး သုံးရက်ရှိပြီဖြစ် ကြောင်း ဦးစံလင်းက ပြောသည်။
သင်္ဘောနှစ်စီးဖြင့် ဆယ်ယူ မည်ဖြစ်ပြီး တစ်ရက်ဆယ်ယူ စရိတ်သည် ကျပ်သိန်း ၂၀၀ နီးပါးရှိသည်ဟုဆိုသည်။
‘‘ခေါင်းလောင်းရဲ့အပေါ်မှာ ဂျပန်ခေတ်တုန်းက နစ်မြုပ်ခဲ့တဲ့ သံထည်နဲ့လုပ်ထားတဲ့ သင်္ဘော တစ်စီးရှိတယ်။ အဲဒီအောက်မှာမှ ခေါင်းလောင်းရှိတယ်။ အဲဒီ သင်္ဘောကို ဖယ်နိုင်မှသာ ခေါင်း လောင်းကိုဆယ်လို့ရမယ်။ ခေါင်း လောင်းကြီးရဲ့အပေါ်မှာ ပုစွန် တုပ်ကွေးအကွင်းမရှိတော့ဘူး။ ခေါင်းလောင်းက အောက်ကို ၄၅ ဒီဂရီစောင်းပြီး အဝကအပေါ်မှာ ရှိနေတယ်။ ရေစီးကြမ်းတဲ့အချိန် က ဆယ်လို့အကောင်းဆုံးအချိန် ဖြစ်လို့ အဲဒီအချိန်ရွေးလိုက်တာ ပါ’’ဟု ဦးစံလင်းက ရှင်းပြသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးနှင့် ဆယ်ယူရေးလုပ်ငန်း များကို အထက်ပါပုဂ္ဂိုလ်က ၁၉၉၇ ခုနှစ်ကတည်းကပြုလုပ်ခဲ့ ပြီး ၁၉၉၈ ခုနှစ်တွင် ခေါင်း လောင်းတည်ရှိရာနေရာကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ခန့်တွင် စာနယ်ဇင်းမီဒီယာများက စတင်ဖော်ပြခဲ့ပြီးနောက် ခွင့်ပြုချက်ဖြင့် ဆယ်ယူရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည် ယခုသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်းဆယ်ယူရန် ခွင့်ပြုချက်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပစိတ်ဝင်စားသူများက ထပ်မံကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။
ပင်လယ်အောက်တွင် နစ်မြုပ်နေသော ရှေးဟောင်းပစ္စည်းများကို ရှာဖွေသည့်စင်ကာပူအခြေစိုက်အဖွဲ့အစည်းတစ်ခုသည် ၂၀၁၂ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဆက်သွယ်ခဲ့ပြီး ဆယ်ယူရာတွင် ဂျီပီအက်စ်စနစ် ဖြင့် နည်းပညာကူညီမည်ဟုဆိုခဲ့ သော်လည်း အစီအစဉ်မဖြစ်ခဲ့ပေ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.