သူလူထုတွေ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ အကြောင်း အခုရက်ပိုင်းတွေမှာ ပြည်
အရာတစ်ခု ရှိနေပါတယ်။ အဲဒီအကြောင်း အရာကတော့ ဓမ္မစေတီ မင်း ခေါင်းလောင်းတော်ကြီး ကိစ္စပဲ ဖြစ်ပါ တယ် ။ ခေါင်းလောင်းတော်ကြီးကို ပြန် လည်ဆယ်ယူ တဲ့နေ့ကနေ ယနေ့အထိတိုင် စိတ်ဝင်တစားနဲ့ လာရောက်ကြည့် ရှုကြသူ ပရိတ်သတ်တွေ မနည်းလှပါဘူး။ ယခု ဖော်ပြမယ့်ဆောင်း ပါး မှာတော့ ခေါင်းလောင်းတော်ကြီးကို ဖြုတ်ယူသွားတဲ့ ငဇင်ကာ နဲ့ ခေါင်းလောင်းတော်ကြီး ရဲ့ သမိုင်းကြောင်းတွေ ကို ဓာတ်ပုံများ နှင့်တကွ ဒီမိုကရေစီတူဒေး နေ့စဉ်ရဲ့ စာဖတ်သူ ပရိတ်သတ်များဖတ်ရှုနိုင် ပါပြီ။ ဆောင်း ပါးရှင် တက္ကသိုလ်မောင်သုလှိုင် ရဲ့ "ဓမ္မစေတီမင်း ၊ ငဇင်ကာ နှင့် ခေါင်းလောင်းတော်" ဆို တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
လေးစားစွာ
(အယ်ဒီတာ)
**************************************************************
ဓမ္မစေတီမင်း ၊ ငဇင်ကာ နှင့် ခေါင်းလောင်းတော်
**************************************************************
တက္ကသိုလ်မောင်သုလှိုင်
**************************************************************
မကြာသေးမီရက်ပိုင်းကစလို့ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့ အများကယုံကြည် လက်ခံထား တဲ့ ဓမ္မစေတီ မင်းခေါင်းလောင်းတော် ကြီးကို ဦးစံလင်းခေါင်းဆောင် တဲ့ ခေါင်းလောင်းတော်ဆယ်ယူ ရေးအဖွဲ့က ဆယ်ယူ နိုင်ရေးအတွက် ရှာဖွေရေး လုပ်ငန်း တွေ ဆောင် ရွက်နေပြီဖြစ်ပါတယ်။

ခေါင်းလောင်းတော် ရှာဖွေဆယ်ယူရေးနဲ့ပတ်သက် လို့ ပြည်သူအများကလည်း စိတ်ဝင်တစားနားစွင့်လို့နေ ပါတယ်။ တချို့က ဓမ္မစေတီ င်းခေါင်းလောင်းတော် ရေ ထဲပြုတ်ကျသွားတာရော ဟုတ်ရဲ့လား ။ ပြုတ်ကျသွားတယ် ဆိုရင် ဘယ်လိုသယ်သွားလို့လဲ၊ ရှာဖွေနေတဲ့နေရာကရော မှန်ရဲ့လား စတာတွေအပြင် ငဇင်ကာ ဓမ္မစေတီခေါင်း လောင်း ကို ရွှေတိဂုံ ရင်ပြင်တော်ပေါ်က သယ်ဆောင်သွား တဲ့ကာလနဲ့ပတ်သက်လို့လဲ တချို့က ကိုလိုနီခေတ်က ဖြစ်တယ်။ တချို့ကလဲ သယ်ယူသွားတဲ့ကာလ အတိအကျ မသိနိုင်ဘူး စတဲ့မေးခွန်းတွေ၊ စူးစမ်းမေးမြန်းမှုတွေ အမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။
ဒီနေရာမှာ ခေါင်းလောင်းတော် ရေထဲပြုတ်ကျသွား တာ မှန်ရဲ့လား၊ ရှာဖွေတဲ့နေ ရာကရောမှန်ရဲ့လားဆိုတာ နဲ့ပတ်သက်ပြီး ဘယ်သူမှလဲ တိတိကျကျ မပြောနိုင်သလို ခေါင်းလောင်းတော် ရေထဲပြုတ်ကျသွားတဲ့နေရာနဲ့ ပတ် သက်လို့ ရှေးဟောင်း သမိုင်းမှတ်တမ်းတွေမှာလဲ နေရာ အတိအကျမတွေ့ရ တာမို့ သေချာတာကတော့ ယခုဦးစံ လင်းခေါင်းဆောင်တဲ့အဖွဲ့ လုပ်ငန်းဆောင်ရွက် မှုပြီးတဲ့ အခါမှာတော့ ဒီအဖြေဟာ အတိအကျပေါ်ထွက် လာမှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ရှေးဟောင်းသမိုင်းမှတ်တမ်းတွေအရ တစ် နည်းအားဖြင့် မြန်မာ့ သမိုင်းမှာ ရှေးအကျဆုံးလို့ပြောနိုင် တဲ့ မှန်နန်းရာဇဝင်လို အထောက်အထားတွေ အရ ခေါင်း လောင်းတော်ကိုသွန်းလောင်းတဲ့ကာလ၊ ခေါင်းလောင်း တော်ကို ငဇင်ကာ ဖြုတ်ယူ သယ်ဆောင် သွားတဲ့ကာလကို တော့ အနီးစပ်ဆုံး အသေအချာပြောလို့ရပါတယ်။ သေ ချာတာကတော့ ကိုလိုနီခေတ်ကာလ မဟုတ်ဘူးဆိုတာ ပါပဲ။
ပြောရရင် မွန်ဘုရင် ဓမ္မစေတီမင်း ဟံသာဝတီမှာ ထီးနန်းစိုက်တဲ့ကာလဟာ ဘုရင့်နောင်မင်းတရားကြီး ဒုတိယမြန်မာနိုင် ငံတော်ခေတ် မတိုင်မီကဖြစ် သလို ခေါင်း လောင်းတော်ကို ငဇင်ကာ ရေမြှုပ်ပစ်တဲ့ကာလဟာ ဒုတိ ယမြန်မာနိုင်ငံတော်နောက် ပိုင်းကာလမှာပဲဖြစ်ပါတယ်။
ခေါင်းလောင်းတော်နဲ့ပတ်သက်လို့ သမိုင်းကြောင်း ကို ပြန်တူးဖော်ရရင် ဒီနေရာမှာ ဇာတ်ကောင်တွေအဖြစ် မွန်ဘုရင် ဓမ္မစေတီမင်း၊ ဖိလစ်ဒီဗရစ်တို (Philip de Brito) လို့ခေါ်တဲ့ ငဇင်ကာနဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့မြေး တော် ဓာတုကလျာမင်းသမီးရဲ့ ဒုတိယမြောက်ကြင်ယာ တော် နတ်သျှင်နောင်တို့လည်း ပါဝင်လာမှာဖြစ်ပါတယ်။
ဆောင်းပါးအပြည့်အစုံသို့ =>http://www.dailydemocracytoday.com/2014-03-04-07-01-05/item/437-2014-08-15-09-23-51
No comments:
Post a Comment
Note: Only a member of this blog may post a comment.