သတင်းနှင့်နည်းပညာများ

12/23/13

(27)ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်ပွဲရ PENCAK SILAT ကစားနည်းနှင့် VOVINAM အားကစားသမားများအားဂုဏ်ပြုပွဲကျင်း၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ ဂုဏ်ပြုငွေ သိန်းပေါင်း (၁၈၇၅)သိန်း ပေးအပ်။


(27)ကြိမ်မြောက်၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်ပွဲရ PENCAK SILAT ကစားနည်းနှင့် VOVINAM အားကစားသမားများအားဂုဏ်ပြုပွဲကျင်း၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီမှ ဂုဏ်ပြုငွေ သိန်းပေါင်း (၁၈၇၅)သိန်း ပေးအပ်။

(၂၇)ကြိမ်မြောက်၊အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ တာဝန်ယူဆောင်ရွက်နေသော PENCAK SILAT ကစားနည်းနှင့် VOVINAM ကစားနည်း(၂)မျိုးကို ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
PENCAK SILAT ကစားနည်းတွင် ရွှေတံဆိပ်( ၃)ခု၊ ငွေတံဆိပ်(၄) ခု၊ ကြေးတံဆိပ်( ၃)ခု ၊ VOVINAM ပြိုင်ပွဲတွင် ရွှေတံဆိပ် (၆)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၆)ခု။ ၊ စုစုပေါင်း ဆုတံဆိပ် (၂၄)ခုကို ဆွတ်ခူး ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ အောင်ပွဲရ မြန်မာ PENCAK SILAT အားကစားနည်း နှင့် VOVINAM အားကစား သမားများအား ဂုဏ်ပြုဆုချီးမြင့်ပွဲကို ၂၀၁၃ခုနှစ်၊ဒီဇင်ဘာလ(၂၃)ရက်နေ့ ၊နံနက်(၀၉း၀၀)နာရီအချိန်၊ နေပြည်တော်ရှိ JADE VILLA ဟိုတယ်တွင်ကျင်းပရာ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီမှ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေ သိန်းပေါင်း (၁၈၇၅) သိန်းကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


PENCAK SILAT အားကစားနည်းအတွက်ပြိုင်ပွဲတွင် ရွပ်ရွပ်ချွံချွံ ဇွဲရှိရှိ ယှဉ်ပြိုင်ခဲ့သော အားကစားသမားကို အမှုဆောင်၊နည်းပြများ၏ စီစစ်ရွေးချယ်ရာ (၅၅-၆၀)ကီလိုတန်းတွင် ပါဝင်ယှဉ်ပြိုင်သော မောင်၇ဲကျော်သူမှ ဆွတ်ခူးရရှိသွားကြောင်း

မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်

Mpsa Myanmar Silat Asscociation

No comments:

Post a Comment

Note: Only a member of this blog may post a comment.