သတင်းနှင့်နည်းပညာများ

12/23/13

* စင်္ကာပူနဲ့ မြန်မာ ဘယ်သူသာတယ်ထင်သလဲဗျ။ *

* စင်္ကာပူနဲ့ မြန်မာ ဘယ်သူသာတယ်ထင်သလဲဗျ။ *
==============================
ကျနော်လည်း အလည်ရောက်ဖူးပါတယ်။ သူတို့စီးပွားဖြစ်နေတယ်ပေါ့ဗျာ။
ချမ်းသာတယ် စည်းကမ်းကောင်းတယ်ဆိုတော့ သန့်သန့်ရှင်းရှင်းလှလှပပပေါ့။
အားကျစရာတွေ အများကြီးပါ။
ဒါပေမယ့် ယဉ်ကျေးမှုနိမ့်တယ်ဗျ။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ 
နှစ်လိုဖွယ် ဖော်ရွေတဲ့ အပြုံးမျိုး များများစားစားမရှိဘူး။ ရိုင်းပင်းစိတ်များများစားစားမရှိဘူး။ခင်ဗျားလမ်းမသိလို့မေးရင် ဆိုက်ကားဆရာကအစ သွားချင်တဲ့နေရာအထိတောင် စေတနာအပြည့်နဲ့လိုက်ပြပေးတဲ့ယဉ်ကျေးမှု ကျနော်တို့မှာရှိတယ်။
စင်္ကာပူကတော့ ငွေအဓိက လူ့ဘောင်အဖွဲ့အစည်းပဲ။ရုပ်ဝတ္ထုသက်သက်တိုးတက်တယ်ဆိုတာ ဆုတ်ယုတ်ခြင်းပဲ။
စိတ်ရဲ့တန်ဖိုးတွေက ပိုအရေးပါတယ်ဗျ။
စင်္ကာပူမှာ ငွေသွားရှာကြတာလည်းမှန်တယ်။ ကိုယ့်ဆီမှာမှ အခြေအနေမပေးသေးတာကိုး။ စင်္ကာပူရောက်မြန်မာအများစုကလည်း
ကျနော်သိသလောက်တော့ ကိုယ့်တိုင်းပြည်ကို ပိုချစ်ကြတာပဲဗျ။
ကျနော်တို့က သူတို့ဘယ်တောမှလိုက်မမီနိုင်တဲ့အားသာချက်တွေရှိပါတယ်။
( သူတို့ကို ကျနော်တို့ကြိုးစားရင်လိုက်မီရုံမက သူတို့ထက်သာနိုင်ပါတယ်။)
စင်္ကာပူကနေ လေယာဉ်နဲ့ပျံလာချိန် မြန်မာပြည်မြေပုံကို စမြင်ရတာနဲ့ စိမ်းမြပြီး
ကျယ်ပြောတဲ့ လယ်ကွင်းပြင်တွေမြင်တယ်မို့လားဗျာ။(နွေဆိုရင်တော့ ရွှေရောင်လွှမ်းနေမှာပေါ့။)
အဲဒီတစ်ခုထဲနဲ့ ကျနော်တို့သာနေပြီဗျ။ကျန်တာထားလိုက်အုံး။
ကျနော်တို့ အဆင့်မီမီ စီမံခန့်ခွဲနိုင်တာနဲ့ ကမ္ဘာ့ စပါးကျီလို့ပြောတဲ့
မြစ်ဝကျွန်းပေါ်တစ်ခုထဲနဲ့ စင်္ကာပူမဟုတ်ဘူး ဘယ်အာရှနိုင်ငံမှကိုကြောက်စရာမလိုတာပါ။ အာဏာရှင်စနစ်တွေကြောင့်သာ သူများနောက် ကျနေရတာမို့လားဗျာ။ အခု သီလဝါစီမံကိန်းအောင်မြင်ရင်လည်း
ကြည့်လိုက်ပါအုံး။ စင်္ကာပူကမြန်မာတွေ သီလဝါ အောင်မြင်လို့ပြန်မလာကြရင် ကျနော့်ကို ပြောချင်တိုင်းပြောပါဗျာ။သူတို့လည်းဟိုမှာပျော်တယ်မထင်ပါနဲ့။
သူတို့လည်းတိုင်းပြည်မချစ်ကြဘူးမထင်ပါနဲ့။
အွန်လိုင်းမှာ ဆီးဂိမ်းနဲ့ပတ်သက်လို့စင်္ကာပူက မြန်မာကို ရာဇဝင်ထဲမှာပဲနေမနေနဲ့လို့သတိပေးသယောင်ယောင် ရေးတာ
ခြင်္သေ့က ဇီးကွက်ကိုမုဒိန်းကျင့်တယ် ဘာတယ်ရေးတာတွေ့လို့ပါ။ ကျနော်တော့သဘောမတူဘူးဗျ။
စင်္ကာပူက လုပ်ပြသွားတဲ့ပြကွက်တွေက ဘာမှ ထူးခြားတာမရှိပါဘူး။ကျနော်တော့ ပျင်းလို့မကြည့်တော့ဘူး။
အော် ဒါစင်္ကာပူပဲလို့ မှတ်ထားစရာမပါဘူးထင်တာပဲ။ ယဉ်ကျေးမှုကို ပြရမယ့်နေရာမှာ
ပြကိုပြရမှာပါ။ခေတ်မီအောင်လုပ်ရမှာက သပ်သပ်ပါ။အမေရိကားမှာမြို့လယ်ကောင်ထိ အင်ဒီးယန်းကြီးတွေ မြင်းစီးပြီးဝင်ခွင့်ရှိတာ ဘာကြောင့်ဖြစ်မလဲစဉ်းစားကြည့်ပါ။ ( ဆီးဂိမ်းမှာ တိုင်းရင်းသားရင်ကျေးမှုတွေ ပါဝင်မှုနည်းတာ ကျနော်လည်း
စိတ်မကောင်းတာအမှန်ပါ။ ဒါပေမယ့် ကျနော်တို့ကြိုးစားရမှာပေါ့ဗျာ။)
ကျနော့်တစ်ယောက်ထဲသဘောပြောရရင်စင်္ကာပူလောက် စာရင်းထဲမထည့်ဘူးဗျ။
တိုင်းပြည်ကြွယ်ဝတယ်ဆိုတာ ငွေကြေးဓနဥစ္စာတစ်ခုထဲမဟုတ်ဘူးဗျ
ယဉ်ကျေးမှု၊စိတ်အေးချမ်းသာရှိစွာနေထိုင်နိုင်ဖို့အလားအလာ၊ ရေမြေတောတောင်၊ ကိုးကွယ်ယုံကြည်မှု နဲ့ potential ကိုလည်းထည့်စဉ်းစားရပါတယ်။(ဒါတွေမဖြစ်နိုင်ဘူးလို့ငြင်းချင်ရင်တော့ ဒီမိုကရေစီတွေဘာတွေလည်း ပြောမနေဖို့မလိုတော့ပါ။မလုပ်ရင်တော့မရပါဗျာ။) မြန်မာတွေ အမှန်တစ်ကယ်နိုးကြားကြဖို့ပဲလိုနေတာပါဗျာ။

တစ်ကယ်တော့ စင်္ကာပူ မျက်ခုံးလှုပ်နေပြီဗျ။

( Credit > ပိုက်တင် )
MyanmarDaily.net

No comments:

Post a Comment

Note: Only a member of this blog may post a comment.