မဇ္ဈိမ|ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်
ဒီဇင်ဘာ ၁၀ ရက်မှ ၂၁ ရက်နေ့အထိ နေပြည်တော်ငလိုက်ဆည်တွင် ဆီးဂိမ်းလှေလှော်ပြိုင်ပွဲကို ကျင်းပ ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လှေလှော်အဖွဲ့အနေဖြင့် မျိုးဆက်သစ်များရှာဖွေကာ နောက်လာမည့်ပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။
“ကျွန်တော်တို့မှာ အဖွဲ့ချုပ်က ပံ့ပိုးပေးထားတဲ့ အဆင့်မီလှေတွေ လေ့ကျင့်ရေးပစ္စည်းတွေ ပြည့်စုံနေပါပြီ၊ သူများနိုင်ငံတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ ကစားသမားတွေက အရပ်အမောင်း နိမ့်တဲ့အတွက် ရေရှည်မှာ မလွယ်ပါဘူး ဒါကြောင့် အရပ်ကောင်းကောင်း ခြေတံလက်တံရှည်တဲ့ ကစားသမားတွေကို ရေနဲ့နီးစပ်တဲ့ ဒေသတွေကနေ ရှာဖွေမွေးမြူသွားမှာပါ” ဟု အပြည်ပြည်ဆိုင်ရာ လှေ (rowing) နည်းပြချုပ်ဦးကျော်ဝင်း ကပြောသည်။
အပြည်ပြည်ဆိုင်ရာ လှေအဖွဲ့အနေဖြင့် ရွှေတံဆိပ် ၂ ခု၊ မျှော်မှန်းထားခဲ့သော်လည်း ရွှေတံဆိပ် ၁ ခုဖြင့် သာကျေနပ်ခဲ့ရသည်။ အမျိုးသားတစ်ယောက်လှော် (M2x) ပြိုင်ပွဲတွင် အောင်ကိုမင်းသည် ရှေ့ဆုံးမှ ဦးဆောင်နိုင်ခဲ့သော်လဲ ပန်းဝင်ကာနီးတွင် ဖိလစ်ပိုင်မှ ကစားသမားက ကျော်တက်ကာ အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ပြိုင်ပွဲအတွက် အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ခြဲ့
၂၇ ကြိမ်မြောက်ဆီးဂိမ်းလှေလှော်ပြု
Mizzima - News in Burmese
No comments:
Post a Comment
Note: Only a member of this blog may post a comment.