Monday, December 23, 2013
မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ငွေထုတ်ကားသည် မန္တလေးသို့ ငွေထုတ်သွားခဲ့ရာ ယာဉ်တိုက်မှုဖြစ်ပွားပြီး လုံခြုံရေးအဖြစ်လိုက်ပါလာသည့် ရဲဝန်ထမ်းနှစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာ ရရှိသွားသည်ဟု မုံရွာ-မန္တလေး ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းတစ်ဦးက ဒီဇင်ဘာ ၂၀ တွင် မဇ္ဈိမကို ပြောသည်။
မြင်းမူမြို့မရဲစခန်း၏ အတည်ပြုပြောကြားချက်များအရ အဆိုပါ ဒီဇင်ဘာ ၁၉ ရက်က ဘဏ်ငွေထုတ် သွားသည့် ယာဉ်မှာ (ကပရ) ယာဉ်အမျိုးအစားဖြစ်ပြီး ယာဉ်မောင်းမှာ ဦးညီညီလတ်ဆိုသူဖြစ်ပြီး မြင်းမူ မြို့နယ်၊ ထီးစောင်းကျေးရွာအနီး မုံရွာ - မန္တလေး အဝေးပြေးကားလမ်းမကြီးလမ်းဘေး ထနောင်းပင်အား ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်
ယာဉ်တိုက်မှုကြောင့် ငွေထုတ်ရာတွင် လုံခြုံရေးလိုက်ပါလာရသည့်မကွေးတ
မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်လူနာဌာန၏ ခန့်မှန်းပြောဆိုချက်များအရ အဆိုပါ ဒဏ်ရာ ရသူများသည် အသက်အန္တရာယ်အတွက် စိုးရိမ်ဖွယ်ရာမရှိကြောင်း ပြောဆိုခဲ့သော်လည်း ဒု-ရဲအုပ်မှာ ဦးခေါင်းဘယ်ဘက်ပိုင်းနေရာတွင် လက်မ၀က်ခန့်ပေါက်ပြဲဒဏ်ရာရရှိခဲ
ယာဉ်တိုက်မှုဖြစ်ခဲ့သည့်အတွက် ယာဉ်မောင်းကို မြင်းမူမြို့မရဲစခန်းက ယာဉ်(ပ)၄၈/ ၂၀၁၃ ပုဒ်မ ၃၃၇ အရ အမှုဖွင့်အရေးယူထားသည်။
Mizzima - News in Burmese
No comments:
Post a Comment
Note: Only a member of this blog may post a comment.