မုံရွာမြို့အကျဉ်းထောင်တွင် အချုပ်ကျနေသည့်အဘွားအို တစ်ဦး ဆေးကုသမှုခံယူစဉ် သေဆုံး
Monday, December 23, 2013
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ မုံရွာအကျဉ်းထောင် အမျိုးသမီးအဆောင်တွင် ယခုလ ၁၉ ရက် နံနက် ၁၁ နာရီက အသက် ၆၀ အရွယ် အဘွားအိုတစ်ဦး သေဆုံးခဲ့သည်ဟု အမည်မဖော်လိုသူ အကျဉ်းထောင် ၀န်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
သေဆုံးသူမှာ မုံရွာအကျဉ်းထောင် အချုပ်သူ ထောင်ဝင်အမှတ် မရ/၁၃/ ၀၀၇၀၊ အသက် ၆၀နှစ်ရှိ ဒေါ်ညို ဆိုသူဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင်များက အတည်ပြုထားသည်။
အဆိုပါ သေဆုံးသူ အဘွားသည် သွေးတိုးရောဂါခံစားနေရသည့် ဝေဒနာရှင်တစ်ဦးဖြစ်သည့်အတွက် အကျဉ်းထောင် ဦးစီးအရာရှိ ဦးမောင်ထွေးက မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ဆေးရုံ တွင် သေဆုံးသွားခဲ့ရ ခြင်းဖြစ်သည်။
သေဆုံးမှုနှင့် ပတ်သက်၍ အကျဉ်းထောင် ဦးစီးအရာရှိက မုံရွာမြို့မရဲစခန်းသို့ တိုင်တန်းစာ ပေးပို့ခဲ့သည့် အတွက် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၅/ ၂၀၁၃အရ အမှုရေးဖွင့်၍ စစ်ဆေးဆောင်ရွက်နေ ဆဲဖြစ်သည်။
သေဆုံးသူ အဘွားအိုမှာ မုံရွာခရိုင် တရားရုံး၏ အမှုအမှတ် ၁၃/၂၀၁၃ မူးယစ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ အရ (ဂ) အဆင့်ရှိ မုံရွာအကျဉ်းထောင်၌ ချုပ်နှောင်မိန့်ရမန်ဖြင့် ချုပ်နှောင်ခြင်းခံထားရသူ တစ်ဦးဖြစ် သည်ဟုမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
Mizzima - News in Burmese
No comments:
Post a Comment
Note: Only a member of this blog may post a comment.