သတင်းနှင့်နည်းပညာများ

12/23/13

ဖုန်းကို Original စစ်မစစ် ဘယ်လို စမ်းမလဲ


ဖုန်းကို Original စစ်မစစ် ဘယ်လို စမ်းမလဲ

ဖုန်းကိုင်တဲ့ လူတိုင်း သိသင့်တယ် ထင်လို့ ရေးသား လိုက်ရခြင်း
ဖြစ်ပါတယ်။ဖုန်းတစ်လုံး ဝယ်ယူပြီ ဆိုရင် မျက်လုံးနှင့် ကြည့်လိုက်
ရုံမျှ Original စစ်မစစ် ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် ဖုန်းဝယ်ပြီ
ဆိုတာနဲ့ Original စစ်မစစ် စမ်းသပ်နိုင်အောင် စမ်းသပ်နည်းလေးကို
ရေးသား လိုက်ရပါတယ်။

(၁) လူကြီးမင်း၏ ဖုန်းကို *#06# ရိုက်ပြီး Call ခေါ်လိုက်ပါ။
International Mobile Equipment Identity - IMEI ဂဏန်း
၁၅ လုံးကို မြင်တွေ့ရမှာပါ။

(၂) အဲဒီ ဂဏန်း ၁၅ လုံးမှ ၇ လုံးမြောက်နှင့် ၈ လုံးမြောက်ဟာ
၁၃ ဖြစ်မယ်ဆိုရင် Quality အရမ်းနိမ့်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
ထိုဖုန်းဟာ သင့်အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

(၃) ဒါမှမဟုတ် ၇ လုံးမြောက်နှင့် ၈ လုံးမြောက်ဟာ ၀၈ (သို့) ၈၀
ဖြစ်နေပါက ဂျာမနီက ထုတ်လုပ်ထားတာပါ။ Quality အသင့်အတင့်
ရှိတယ်လို့ ဆိုရမှာပေါ့။

(၄) ၇ လုံးမြောက်နှင့် ၈ လုံးမြောက်ဟာ ၀၁ (သို့) ၁၀ ဖြစ်နေရင်
ဖလင်န်နိုင်ငံက ထုတ်လုပ်ထား တာပါ။ Quality ရှိတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

(၅) တကယ်လို့ ၇ လုံးမြောက်နှင့် ၈ လုံးမြောက်ဟာ ၀၀ ဖြစ်နေရင်တော့
မှုရင်းစက်ရုံကနေ ထုတ်လုပ် ထားတဲ့ အတွက် အကောင်းဆုံး Quality ရှိတယ်လို့
သတ်မှတ်နိုင်ပါတယ်။

အထက်ပါ ဖော်ပြချက်များကို လေ့လာပြီး လူကြီးမင်း၏ ဖုန်းဟာ ဘယ်လို
အရည်အသွေး ရှိသလဲ ဆိုတာကို စမ်းသပ်ကြည့်နိုင်ပါတယ်။ အဆင်ပြေမယ်
လို့လည်း မျှော်လင့်မိပါတယ်။


ကျော်လင်းနိုင် (www.smart.com.mm)

Smart Pro Journal


ကျော်လင်းနိုင် (www.smart.com.mm)

No comments:

Post a Comment

Note: Only a member of this blog may post a comment.