သတင်းနှင့်နည်းပညာများ

12/23/13

မြစ်ကြီးနားတွင် သတ္တုလာရှာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို ပြည်နှင်ဒဏ်ပေးမည်



မြစ်ကြီးနားတွင် သတ္တုလာရှာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို ပြည်နှင်ဒဏ်ပေးမည်

ဟိန်းကိုစိုး|ဒီဇင်ဘာလ ၂၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၃ ခုနှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တနိုင်းရတနာနယ်မြေသို့ တရားမ၀င် ၀င်ရောက်သည့် တရုတ်နိုင်ငံသား ၁၈ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် ဒဏ်ငွေကျပ် ငါးသိန်းစီ ပေးဆောင်စေ ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပြည်နှင်ဒဏ် အမိန့် စောင့်ဆိုင်းနေသည်ဟု မြို့နယ်ဦးစီးအရာရှိ ဦးစိုးနောင်က ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ပြော သည်။

“ဥပဒေအရတော့ ၁၄ ရက်တစ်ခါ အချုပ်ထဲမှာချုပ်ထားရမှာ ဒါပေမဲ့ နိုင်ငံခြားသားလည်း ဖြစ်တာကြောင့် ဟိုတယ်မှာ တည်းခိုခွင့်ပြုထားတာ အမိန့်ကျတာနဲ့ လာရာလမ်းအတိုင်းပို့ဖို့ ကျွန်တော်တို့က မြစ်ကြီးနားကနေ မန္တလေးတိုင်းလ၀ကကို လွှဲမယ်။ သူတို့ကနေတစ်ဆင့် လာရာ တရုတ်ပြည်ကို ပြန်ပို့မယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသား ၁၈ ဦးကို လ၀က ဥပဒေပုဒ်မ ၄(၂)အရ ဗီဇာစည်းကမ်းချိုးဖောက်မှု၊ ပုဒ်မ ၁၃/ ၁ ဗီဇာပါ သတ်မှတ်နယ်မြေထက် ကျူးကျော်သွားရောက်မှုတို့ဖြင့် ဒီဇင်ဘာလ ၁၆ ရက်တွင် မြို့နယ်တ ရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အာမခံပေးထားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၀န်ကြီးထံသို့ ပြည် နှင်ဒဏ်အမိန့်ကို စောင့်ဆိုင်းနေသည်ဟု အဆိုပါအရာရှိက ပြောသည်။ ထိုသူ ၁၈ ဦးကို လိုက်လံပို့ ဆောင်ပေးသည့် မြန်မာနိုင်ငံသား ငါးဦးကိုလည်း လ၀ကဥပဒေ ပုဒ်မ ၁၃(၅) တရားမ၀င် သယ်ယူပို့ ဆောင်မှုဖြင့် ဒဏ်ငွေငါးသိန်းစီ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ ၎င်းတို့သည် မြစ်ကြီးနားသို့ မန္တလေး လေဆိပ်မှတစ်ဆင့် စီးပွားရေးဗီဇာဖြင့် ၀င်ရောက်လာသော်လည်း တနိုင်းအနီးတွင် သတ္တုလုပ်ကွက်များ လာရောက်ရှာဖွေနေသည်ကို စိစစ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တနိုင်းမြို့နယ်၊ ကော်ဟာကျေးရွာ၌ ဒီဇင်ဘာ ၁၆ ရက်ကတည်းက ဖမ်းဆီးခဲ့သည်။

ယင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr Yang Houlan သို့ မဇ္ဈိမကဆက် သွယ်မေးမြန်းရာတွင် “သူတို့က တကယ်တရားမ၀င် သွားခဲ့တယ်ဆိုရင် ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေတွေအရပဲ ဆုံးဖြတ်မှုကို ခံယူရမယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်ကလည်း သူတို့ရဲ့ တရားဝင် အခွင့်အရေးတွေကို ထိန်း သိမ်းပေးဖို့အတွက် မျှော်လင့်ပါတယ်”ဟု ဖြေကြားသည်။

Credit By -Mizzima - News in Burmese

No comments:

Post a Comment

Note: Only a member of this blog may post a comment.