သတင်းနှင့်နည်းပညာများ

12/23/13

အမျိုးသမီး ဘောက်ဆင်လက်ဝှေ့ပြိုင်ပွဲ ၅၇ ကီလိုတန်းမှာ ရွှေတံဆိပ်ဆုရရှိခဲ့တာကတော့ အသက် ၁၉ နှစ် အရွယ်ရှိတဲ့ မနွယ်နီဦး


အမျိုးသမီး ဘောက်ဆင်လက်ဝှေ့ပြိုင်ပွဲ ၅၇ ကီလိုတန်းမှာ ရွှေတံဆိပ်ဆုရရှိခဲ့တာကတော့ အသက် ၁၉ နှစ် အရွယ်ရှိတဲ့ မနွယ်နီဦးဖြစ်ပါတယ်၊ သူက မိသားစု စီးပွားရေး အခြေအနေကြောင့် ကျောင်းပညာရေး ၄ တန်း မှာ ကျောင်းထွက်ခဲ့ရပြီး လက်ဖက်ရည်ဆိုင်မှာ ပန်းကန်ဆေး၊ စားပွဲထိုး အလုပ်တွေလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

“ကိုယ်က ပညာနဲ့ လုပ်စားလို့မရဘူးဆိုတာ တွေးမိတော့ ဝါသနာပါတဲ့ အားကစားနည်းနဲ့ ထူးချွန်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ထားခဲ့တယ်၊ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ရင်း ရပ်ကွက်လက်ဝှေ့ပြိုင်ပွဲလေးတွေမှာ လိုက်ထိုးတာ ကြာတော့ ဆိုင်ရှင်က ကြည့်မရတော့ဘဲ အလုပ်ထုတ်ပစ်လိုက်တော့ ကိုယ့်ရဲ့ ဝါသနာကို သေချာ အကောင်အထည် ဖော်ချင်စိတ်ဖြစ်လာတာပဲ”လို့ မနွယ်နီဦးက ဧရာဝတီကို ပြောပြပါတယ်။

Credit - http://burma.irrawaddy.org/sport/2013/12/21/52545.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.