သတင်းနှင့်နည်းပညာများ

7/23/14

မင်းဂံတွင် တပ်မှ လုံခြုံရေးယူထားသည့်နေရာ အနီးအိမ်မှ ဆိုင်ကယ်နှင့် နွားပျာက်ဆုံးမှု ဖြစ်ပွား


မင်းဂံတွင် တပ်မှ လုံခြုံရေးယူထားသည့်နေရာ အနီးအိမ်မှ ဆိုင်ကယ်နှင့် နွားပျာက်ဆုံးမှု ဖြစ်ပွား
=============================================
စစ်တွေ၊ ၂၂၊ ဇူလိုင်လ၊ ၂၀၁၄၊ Coral Arakan News ( သတင်း)
ကုလားရွာနှင့် ထိစပ်နေသည့် မင်းဂံရပ်ကွက် အကွက် (၁၄) တွင် စစ်တပ်မှ လုံခြုံရေးအဖြစ် တာဝန် ယူထားသည့် နေရာအနီး အိမ်မှ နွားနှစ်ကောင်နှင့် ဆိုင်ကယ်တစ်စီး ပျောက်ဆုံးမှု ယမန်နေ့ညက ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ပျောက်ဆုံးမှုကို ယနေ့နံနက်တွင် သိရှိခဲ့ပြီး ရဲစခန်းသို့တိုင်ကြားခဲ့သည်။ ရဲများက နွားခြေရာ အတိုင်းလိုက်သွားရာ ဒါးပိုင်( ကုလား)ရွာတွင် ဆိုင်ကယ်ပြင်နေသည့် နေရာမှ ဆိုင်ကယ်ကိုတွေ့ရှိရပြီး ယခင်ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ်သုံးစီးနှင့်အတူ အစိတ်အပိုင်းများအဖြစ်ဖျက်ထားသော ပစ္စည်းရာပေါင်းများစွာကိုတွေ့ ရှိခဲ့သည်ဟုသိရသည်။
ခိုးယူပျောက်ဆုံးသွားသောနွား နှစ်ကောင်ကိုမူမတွေ့ခဲ့ရဟု သိရသည်။ ကုလားရွာနှင့် ထိစပ်နေသည့် မင်းဂံရပ်ကွက်တွင် နွားများပျောက်ဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိပြီး များသောအားဖြင့်ပြန်မတွေ့ရပေ။အခြား ကုလားရွာများနှင့် ထိစပ်နေသော ရပ်ကွက်များတွင်လည်း ဆိုင်ကယ်ပျောက်မှုများမကြာခဏဖြစ်ပွားလေ့ရှိပြီး လုံခြုံရေးများက ကုလားရွာသို့ဝင်ရန် အခက်အခဲရှိသဖြင့် ပြန်ရလေ့မရှိပေ။
ယခု နွားနှစ်ကောင်နှင့် ဆိုင်ကယ် အခိုးခံရသော အိမ်သည် စစ်တပ်မှ လုံခြုံရေး တာဝန်ယူထားသော အိမ်နေရာအနီး အိမ်မှဖြစ်သောကြောင့် ဒေသခံတို့အဖို့ ပိုမိုစိုးရိမ်စရာဖြစ်နေသည်ဟု သိရှိရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.