သတင်းနှင့်နည်းပညာများ

7/26/14

ကြက်ငှက်တုပ်ကွေး ကူးစက်မည်ဆိုး၍ တရုတ်မှ မှောင်ခိုတင်သွင်းလာသော ကြက်နှင့်ကြက်သားများ ဖမ်းဆီး ဖျက်ဆီး


ကြက်ငှက်တုပ်ကွေး ကူးစက်မည်ဆိုး၍ တရုတ်မှ မှောင်ခိုတင်သွင်းလာသော ကြက်နှင့်ကြက်သားများ ဖမ်းဆီး ဖျက်ဆီး



တရားမ၀င်တင်သွင်းလာသော ကုန်စည်ပါ၊ မပါ ကွန်တိန်နာများကို စစ်ဆေးရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ - DCCA)
တရုတ်နိုင်ငံတွင် ကြက် ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေ သောကြောင့် ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံမှ တ ရားမ၀င်တင်သွင်းလာသော ခန့် မှန်းငွေကျပ်သိန်း ၁၂၀ ကျော် တန်ဖိုးရှိ ကြက်အရှင်များနှင့် အေးခဲကြက်သားများကို ဖမ်းဆီးရမိခဲ့ကြောင်း  ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mobile Team) မှ သတင်းရရှိသည်။

‘‘တရုတ်ကနေ မူဆယ်လမ်း ကြောင်းကတစ်ဆင့် ဒေသတွင်း စားဖို့ သယ်ဆောင်လာတာဖြစ် ပေမယ့် ကြက်ငှက်တုပ်ကွေးရော ဂါပိုးတွေ စစ်ဆေးထားမှုမရှိတာ ကြောင့် စားသုံးသူ အကာအကွယ် ပေးရေးအတွက် ဖျက်ဆီးရေး ကွင်းမှာ မီးရှို့သွားမှာပါ’’ ဟု တရားမ၀င်ကုန်ပစ္စည်းများ စစ်ဆေးရေးအဖွဲ့မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။
 ဖမ်းဆီးရရှိမိခဲ့သော ကြက် များတွင် မွေးမြူရေးကြက်အရှင် အကောင် ၅၀၀ ၀န်းကျင် ခန့်မှန်း တန်ဖိုး  ကျပ်နှစ်ဆယ့်ငါးသိန်း ကျော်ပါဝင်ပြီး  အေးခဲကြက်သား ကိုးထုပ် တန်ဖိုးငွေ နှစ်ဆယ့်ရှစ် သိန်းကျော်နှင့် အေးခဲကြက်အဆီ ဘူး ၁၆ ထုပ် ကျပ် ခုနစ်ဆယ့် ခြောက်သိန်းကျော်ဖိုးတို့ ပါရှိသည်။
တရုတ်နိုင်ငံတွင် ကြက်ငှက် တုပ်ကွေးအဖြစ်များသော ၂၀၁၃ ခုနှစ်နောက်ပိုင်းကာလများမှစ၍ မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံ မှ ကြက်များ အများဆုံး ၀င်ရောက်လာခဲ့ကြောင်း  ရွေ့လျားစစ်ဆေးရေးအဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။
  ‘‘ဟိုဘက်မှာ ရောဂါဖြစ် တော့ ဈေးပေါပေါရတဲ့ ကြက်တွေ ကို ဒီမှာပြန်ရောင်းဖို့သယ်လာကြ တာပဲ။ ကြက်အရှင်တွေတောင် မဟုတ်ဘူး။ တစ်ခါတလေကြက်ဥ တွေပါ သယ်လာတာရှိတယ်’’ ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံ ကွမ်တုံပြည် နယ်တွင် ကြက်ငှက်တုပ်ကွေးမှလူ ကိုကူးစက်မှုသည် ဇန်န၀ါရီလမှ စ၍ ယခုအထိ ၂၁ ဦးရှိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း  ပြည်နယ်ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားသည်။
  ပြီးခဲ့သည့် မေလကုန်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က တရုတ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက် ငှက်တုပ်ကွေးရောဂါသည် မြန်မာ နိုင်ငံသို့ ကူးစက်လာနိုင်ကြောင်း သတိပေးကြေညာချက် ထုတ်ပြန် ခဲ့သည်။

http://www.7daydaily.com/story/16737#.U9OaI0Tkt5E

No comments:

Post a Comment

Note: Only a member of this blog may post a comment.