ရန်ကုန်နှင့်မန္တလေးနည်းပညာတက္ကသိုလ်များတွင် သုတေသနဆောင်ရွက်ရန် ဂျပန်က ဒေါ်လာ ၂၅ သန်းကူညီ

ရန်ကုန်နည်းပညာတက္ကသိုလ်အားတွေ့ရစဉ် (ဓာတ်ပုံ−ကျော်ဇင်သန်း)
ရန်ကုန်နည်းပညာတက္က သိုလ်နှင့်မန္တလေးနည်းပညာတက္က သိုလ်တို့တွင် သုတေသနဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ရန် ဂျပန်အစိုးရက အမေရိကန်ဒေါ် လာ ၂၅ သန်းတန်ဖိုးရှိထောက်ပံ့ မှုပေးအပ်ရန် ဇူလိုင် ၂၃ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။
ဂျပန်သံအမတ်မစ္စတာတာ တီရှိဟိုင်းဂူချီနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါ်လဲ့လဲ့သိန်းတို့သည် နေပြည်တော်တွင် အပြန်အလှန်သဘောတူလက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။
မြန်မာအစိုးရသည် ရန်ကုန် နည်းပညာတက္ကသိုလ်နှင့် မန္တ လေးနည်းပညာတက္ကသိုလ်တို့ကို အထူးဌာနများအဖြစ်သတ်မှတ်၍ လက်တွေ့စွမ်းရည်ဖြင့်ခေတ်မီ အင်ဂျင်နီယာစနစ်တတ်ကျွမ်း သောလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးရန် တည်ထောင် ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်စေ ရန် လိုအပ်သောစက်မှုလုပ်ငန်း များအတွက် တိုးတက်ခေတ်မီ သောသိပ္ပံနှင့်အင်ဂျင်နီယာများ လိုအပ်မည်ဖြစ်ကြောင်း ဂျပန်သံ ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျပန်အစိုးရ၏ ထောက်ပံ့မှု များသည် နည်းပညာတက္ကသိုလ် နှစ်ခု၏ ပညာရေးအရည်အသွေး မြှင့်တင်သော သုတေသနလုပ် ငန်းများဆောင်ရွက်မည်ဖြစ်သလို သိပ္ပံသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် အထောက်အပံ့ ဖြစ်စေမည်ဖြစ်သည်။
အဆိုပါတက္ကသိုလ်နှစ်ခုကို ကူညီထောက်ပံ့ခြင်းအားဖြင့် တစ် နိုင်ငံလုံးတွင် အင်ဂျင်နီယာနှင့် နည်းပညာအဆင့်မြင့်မားလာစေ ရန်ရည်ရွယ်ကြောင်း ဂျပန်သံရုံး ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့်မန္တလေးနည်းပညာ တက္ကသိုလ်တို့အား အဆင့်မြှင့် တင်ရန်ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအေဂျင်စီ (JICA) ကလည်း လွန်ခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းပံ့ပိုးကူညီမည့်သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးထား သည်။
မြန်မာနိုင်ငံတွင် နည်းပညာ တက္ကသိုလ်နှင့်ကောလိပ်ပေါင်း ၆၀ ကျော်တည်ထောင်ဖွင့်လှစ် ထားသော်လည်း သင်ကြားမှုစွမ်း ရည်မြှင့်တင်ရန်နှင့် သင်ထောက် ကူပစ္စည်းများလုံလောက်စေရန် ဘဏ္ဍာငွေအခက်အခဲရှိနေပြီး နိုင်ငံတကာနှင့်ပြည်တွင်းအလှူ ရှင်များ၏ထောက်ပံ့မှုများလိုအပ်နေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုဦးကပြောသည်။
http://www.7daydaily.com/story/16685#.U9JH5ETkt5E
http://www.7daydaily.com/story/16685#.U9JH5ETkt5E
No comments:
Post a Comment
Note: Only a member of this blog may post a comment.