နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်းအားကျော်တက်ပြီး တစ်ဖက်ယာဉ်ကြောဘေးရှိ မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်
နေပြည်တော်၊ ဇူလိုင် ၂၃
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၇၆/၀-၁)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှမန်္တလေးသို့ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ (၅)ရပ်ကွက်နေ အိုက်ညှာ(ခ)မင်းသီဟ(ခ)လန်ရှောက်ရှိန်(၃၆)နှစ် မောင်းနှင်ပြီး မုံးကိုးမြို့နယ်ခွဲ၊ ကျင့်ထုံး ရွာနေ လျှိုဆိုင်းရန်(၃၇)နှစ်လိုက်ပါလာသည့် 2G/xxxx ဟိုင်းလတ်ဗွီဂိုအနက်ရောင် ယာဉ်မှာ ယာဘက် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်တက်ကာ တစ်ဖက်ယာဉ်ကြောဘေးရှိ မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် အိုက်ညှာ(ခ) မင်းသီဟ(ခ)လန်ရှောက်ရှိန်တွင် ယာချိုစောင်းပေါက်ပြဲ၊ နဖူး ဖူးရောင်၊ ယာခြေသလုံးပေါက်ပြဲသွေးထွက်၊ ၀ဲ/ယာလက်ပွန်းပဲ့၊ ပါးစပ်သွေးထွက်ဒဏ်ရာနှင့် လျှိုဆိုင်းရန်တွင် ၀ဲချိုစောင်းပေါက်ပြဲ၊ နောက်ကျောပွန်းပဲ့၊ ယာနံဘေးအောင့်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် မိတ်္ထီလာဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဉ်မှာ ဦးခေါင်းပိုင်းတွန့်ကြေ၊ ရှေ့လေကာမှန်ကွဲ၊ ၀ဲ/ယာဘေးတံခါးမှန်ကွဲ၍ တန်ဘိုးငွေကျပ်သိန်း(၃၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အိုက်ညှာ(ခ)မင်းသီဟ(ခ)လန်ရှောက်ရှိန်အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.