တောင်အာဖရိကတွင် ကလေးငယ်တစ်ဦး အပိုင်စီးခံထားရသော ကားတစ်စီးဖြင့် သေသည်အထိ တရွတ်တိုက်ဆွဲယူခံရ
======================================
======================================
ဂျိုဟန်နက်စ်ဘတ်၊ ဇူလိုင် ၂၂
တောင်အာဖရိကတွင် အပိုင်စီးခံထားရသော ကားတစ်စီး၏ ပြ တင်းပေါက်တွင် ထိုင်ခုံခါးပတ်နှင့် ငြိကာတွဲလွဲဖြစ်နေသော အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ထိုကားက သေသည်အထိ ဆွဲယူခဲပြီး လမ်းတစ်ဖက်မှ မိခင်ဖြစ်သူ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားနေရကြောင်း ရဲနှင့် မီဒီယာတို့ က ယနေ့တွင် ပြောခဲ့သည်။
အကူအညီမဲ့နေသော ထိုက လေးထံမှ ''မေမေ သားကိုကယ်ပါဦး'' ဟူသော စကားသာနောက်ဆုံးကြား ခဲ့ရကြောင်း သတင်းစာတစ်ခုတွင် ဖော်ပြထားသည်။
မိခင်မော်ရစ်သည် စနေနေ့ည က ဘော့စ်ဘတ် အရှေ့ပိုင်းတွင် ၄င်းတို့၏ VWG017 ပေါ်သို့ အသက် လေးနှစ်အရွယ်သားငယ် တေဂျင် နှင့် ရှစ်နှစ်အရွယ် သမီးကြီးတို့ကို ခေါ်ယူအပြင်သွားချိန် ပြန်ပေးဆွဲ သမားသုံးဦးက သူမ၏ ဦးခေါင်းကို သေနတ်ဖြင့် ထောက်ကာ ကားကို အပိုင်စီးခဲ့သည်။
''ကျွန်မရဲ့ ကလေးတွေကိုကား ပေါ်က ခေါ်ပါရစေဦးလို့ ကျွန်မ ပြောပါတယ်။ လိုချင်တာ ယူသွားပါ။ ဒါပေမဲ့ ကျွန်မရဲ့ ကလေးတွေကိုတော့ ထားခဲ့ပါလို့ ကျွန်မပြောပါတယ်''ဟု မော်ရစ်က ပြောသည်။
အသက်ရှစ်နှစ်အရွယ် သမီးက မိမိဘာသာမိမိ ကားပေါ်မှ ထွက်လာခဲ့သော်လည်း သားငယ်တေဂျင် ၏ ခြေထောက်သည် ကားထိုင်ခုံခါး ပတ်နှင် ငြိနေခဲ့သည်။
အပိုင်စီးသူများက သူမ၏ လက်မှ ကလေးငယ်ကို အတင်းဆွဲယူခဲ့ပြီး ကားပြတင်းပေါက်တွင် တွဲလွဲဖြစ်နေ သော ကလေးငယ်ကို တရွတ်တိုက် ကားဖြင့် ဆွဲခေါ်သွားခဲ့သည်။
လေးကီလိုမီတာခန့် အကွာ တွင် ထိုကားကို ပြန်တွေ့ရပြီးကား ဘေးတွင် ဒဏ်ရာများဖြင့် သေဆုံး သော ကလေးငယ်ကို တွေ့ရသည်။
ထိုကားအပိုင်စီးသူများကိုဖမ်း ဆီးရန် သတင်းအချက်အလက်ပေး ပို့သူကို ဆုကြေးငွေ ဒေါ်လာ ငါး ထောင်ပေးကာ ရဲက ဆုငွေထုတ် ဖမ်းဆီးစေခဲ့သည်။ တောင်အာဖရိ ကသည် ကမ္ဘာတွင် အကြမ်းဖက်မှု ဖြစ်ပွားသည့် အများဆုံးနေရာတစ်ခု ဖြစ်သည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.