သတင်းနှင့်နည်းပညာများ

7/24/14

ဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားရုံးမှာ ဘာ့ကြောင့်မျက်ရည်ကျတာလဲ


ဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားရုံးမှာ ဘာ့ကြောင့်မျက်ရည်ကျတာလဲ

ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ရဲ့ ဒုတိယမြောက်အဖြစ် နေပြည်တော် ဒက္ခိဏသီရိ တရားရုံးမှာ ဇူလိုင် ၂၂ရက်က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တရားရုံးထုတ်လာတဲ့အချိန်မှာ ကျန်းမာရေး မကောင်းဘူးလို့ ယူဆရတဲ့ ဝန်ကြီးဟောင်းဟာ မျက်ရည်တွေ ကျခဲ့ပါတယ်။
မနက် ၁ဝနာရီမှာ ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အရပ်ဝတ် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်နဲ့ တရားရုံးဝင်းထဲကို ခေးလာခဲ့ပြိး မိသားစုနဲ့ဝင်တွေနဲ့လည်း ပထမဆုံးအကြိမ် ပေးတွေ့ခဲ့ပါတယ်။ တစ်နာရီလောက် ကြာမြင့်တဲ့ စစ်ဆေးကြားနာမှုမှာ ဦးဆန်းဆင့်ကို မူလစွဲဆိုထားတဲ့ ပုးမ ၄ဝ၉အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ပါ ထပ်တိုး တရားစွဲဆိုခဲ့ပါတယ်။
တရားရုံးထဲကို သတင်းမီဒီယာတွေ သတင်းရယူခွင့်ကို ပိတ်ပင်ကန့်သတ်ခဲ့ပေမယ့် သတင်းထောက်တွေရဲ့ ကင်မရာထဲမှာတော့ ပိန်လှီသွားတဲ့ ဦးဆန်းဆင့်ဟာ ကျန်းမာရေးမကောင်းသလို ပါးပေါ်မှာ မျက်ရည်တွေစီးကျနေတဲ့ပုံရိပ်တွေ ရရှိခဲ့ပါတယ်။
ဦးဆန်းဆင့်ရဲ့ ကိုယ်ရေးအရာရှိက အစိုးရသက်သေဖြစ်လာသလို မိသားစုဝင်တွေနဲ့ ဆွေမျိုးသားချင်းတွေကလည်း ဒီအမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုမှုတွေ မရှိခဲ့ပါဘူး။ ဦးဆန်းဆင့်ရဲ့ အမှုလိုက်ရှေ့နေကတော့ လာမယ့် ဇူလိုင် ၃ဝမှာ စွဲဆိုထားတဲ့ ပုဒ်မတွေကို စတင်စစ်ဆေးမယ်လို့ဆိုပါတယ်။

http://www.kamayutmedia.com/2014/07/23/ousted-minister-teared-down-at-court/

No comments:

Post a Comment

Note: Only a member of this blog may post a comment.