ယခုရက်ပိုင်းအတွင်း ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းတွင် ဦးနေဝင်း၏မြေးများဖြစ်ကြသည့် ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းတို့က ဦးတေဇ ပိုင် အေဂျီဒီဘဏ်၏ ရှယ်ယာများကိုဝယ်ယူ ကာ ပြည်တွင်း ဘဏ် လုပ်ငန်း အတွင်းဝင်ရောက်လုပ်ကိုင် လာမှုနှင့် အေဂျီဒီ ဘဏ်၏ရှယ်ယာ မည်ရွေ့မည်မျှကိုဝယ်ယူပိုင်ဆိုင်ထားသည်ဆိုခြင်းတို့အပေါ် စိတ်ဝင်စားမှုမြင့်တက်နေရာ ၎င်းနှင့် ပတ် သက် ၍ ဦးနေဝင်း၏မြေးဖြစ်သူ ဦးအေးနေဝင်းနှင့် ဒီမိုကရေစီ တူဒေးတို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါ သည်။
မေး-စီးပွားရေးလုပ်ငန်းတွေ အများကြီးထဲက မှ ဘဏ်လုပ်ငန်းကို လုပ်ကိုင်ဖို့ ဘာလို့ရွေး ချယ်ခဲ့ပါသလဲ။
ဖြေ-ကျွန်တော်တို့ ထောင်ကနေလွတ်လာပြီး နောက်ပိုင်းမှာ လုပ်ကိုင်ဖို့သင့်တော်တဲ့လုပ် ငန်းတွေကိုလေ့လာခဲ့ကြပါတယ်။ အဲဒီအထဲ မှာ ကိုကျော်နေဝင်းက နိုင်ငံတော် သမ္မတရဲ့ ရည်ရွယ် ချက် တွေထဲမှာပါတဲ့ ဆင်းရဲမွဲတေ မှုပပျောက်ရေးကို အထောက်အကူပြုနိုင်မယ် လို့ ယူဆရတဲ့ လျှပ်စစ်မီးပေးရေးတို့ လမ်း ပန်းဆက်သွယ်ရေး ပိတ်ဆို့ကျပ်တောက် မှု လျော့ပါး ရေး တို့စတာ တွေအပါအဝင် အခြား လုပ်ငန်းတွေကိုစတင်လုပ်ကိုင်နေခဲ့ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ဘဏ်တစ်ခုရှိနေရင် ပိုကောင်းမယ်ဆိုတာကို တွေ့လာတာကြောင့် ဘဏ် လုပ်ငန်း ကိုလုပ် ကိုင်ဖို့ ပါ ဆုံးဖြတ်လိုက် တာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့စစ် တပ်က မိသားစုတွေဆိုရင် အခွင့်အရေးယူပြီး ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်တယ်လို့ မှတ်ထင် နေကြပါ တယ်။ တကယ် တော့ တာဝန် သိတဲ့ လုပ်ငန်းဆောင်တာတွေကို အများအကျိုးပြု အောင် လုပ်တတ်ကိုင် တတ်ကြတယ်ဆိုတာ ကိုပြချင်ပါတယ်။ အဲဒီလိုဆန္ဒမျိုးလည်းအခြား သော တပ်မိသားစု တွေမှာ လည်းရှိ နေကြ တာ တွေ့ရလို့ ဝမ်းသာမိပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်း၏ မြေး ဦးအေးနေဝင်း။
မေး-ဦးတေဇပိုင် တဲ့ AGD ဘဏ်မှာ ရှယ် ယာတွေဝယ်ဖို့ ဘယ်လိုဆုံးဖြတ်ခဲ့ရပါသလဲ။ ဦးတေဇနဲ့ အစ်ကိုတို့မိသားစု ဆက်ဆံရေးက ရော ဘယ်လိုရှိပါသလဲ။
ဖြေ- AGD ဘဏ်မှာ ရှယ်ယာဝယ်ယူဖို့ ဆုံး ဖြတ်လိုက်တာကတော့ ကိုတေဇတို့နှင့် ကျွန် တော်တို့ မိသားစုဆိုတာ ဟိုအရင် အထဲက ပုဂ္ဂိုလ်ချင်းသံယောဇဉ်ရှိခဲ့ကြသူတွေဖြစ်တာ ကတစ်ကြောင်း၊ ဘဏ်ကိုယ်တိုင်ကလည်း မှတ် ကျောက်အတင်ခံ နိုင်တဲ့အနေအထားမျိုး ယုံ ကြည်လောက်တာကတစ်ကြောင်းတို့ကြောင့် ပါ ပဲ။ ကိုတေဇရဲ့ဖခင် ကွယ်လွန်သူ ဗိုလ်မှူး ကြီးမြင့်ဆွေ ဟာ ကျွန်တော်တို့ အဘိုးရဲ့ ယုံ ကြည်ခဲ့ရတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ် ခဲ့ပါတယ်။ အမှတ်(၄)ဗမာ့သေနတ်ကိုင်တပ် ရင်းက အရာရှိတစ်ဦးဖြစ်တာကြောင့် ကျွန် တော်တို့ မိသားစု ချင်း ဆက်ဆံရေးဟာ နှစ် ပေါင်းခြောက် ဆယ်ကျော်ခဲ့ပြီ လို့ ပြောလို့ရပါ တယ်။ နောက်ပိုင်း တပ်မတော်ထောက်လှမ်း ရေးယန္တရားကြီးကိုတည်ဆောက်ရာမှာလည်း ကိုတေဇတို့ ဖခင် ကပါဝင်ခဲ့ပါတယ်။ နယ်ဘက် ဌာနဆိုင်ရာအဖြစ်နှင့်လည်း မြန်မာဆေးဝါး ပစ္စည်းထုတ်လုပ်ရေး ဘီပီအိုင်မှာ တာဝန်ပြန် ပေးခဲ့ပါတယ်။ နောက်တစ်ခုက ဘဏ်ကိစ္စပါ။ အခု မြန်မာနိုင်ငံမှာလုပ်နိုင်ကိုင်နိုင်ကြတဲ့ဘဏ် တွေ အများအပြား ရှိပါတယ်။ အဲဒီအထဲက AGD ဘဏ်ရဲ့ထူးခြားချက်ကတော့အနှောင် အဖွဲ့ကင်းတဲ့တတိယအကဲဖြတ်ဖွဲ့ဖြစ်တဲ့ Ernst and Young ကနေပြီး အားရကျေနပ်လောက် စရာ အကဲဖြတ်မှုစစ်တမ်းတွေ လုပ်ပေးထား ခဲ့တာလဲဖြစ်ပါတယ်။
မေး - ဦးတေဇအနေနဲ့ အနောက်နိုင်ငံအချို့ မှာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေခံနေရဆဲ အခြေအနေမျိုးမှာ ပူးပေါင်းလိုက်တဲ့ အတွက် ကိုယ့်အတွက်ဆိုး ကျိုးတွေရှိ လာမှာမျိုး အတွက် ရော စဉ်းစား ခဲ့တာမျိုးရှိပါသလား။
ဖြေ - အဲဒါနဲ့ပတ်သက်လို့ကတော့ ဘဏ် ကိုယ်တိုင်က သူ့လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ရာ မှာ မလျော်ကန်တဲ့ကိစ္စတွေလုပ်ခဲ့တာ လုံးဝ မရှိပါဘူး။ အဲဒါကြောင့် ဘဏ်ကိုသက်သက် ကြည့်မယ် ဆိုရင် ဘာမှပိတ်ဆို့အရေးယူစရာ အကြောင်းမရှိပါဘူး။ အခု လိုဖြစ်နေခဲ့ တာက ဘဏ်မှာတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်အချို့က အရင်ပြီးခဲ့တဲ့အစိုးရနဲ့ နီးနီးကပ်ကပ် ပတ်သက် ခဲ့တဲ့အတွက် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ တာပါ။ အဲဒီတော့ လူပုဂ္ဂိုလ်တွေအပြောင်း အလဲလုပ်နိုင်မယ်ဆိုလို့ရှိရင် ဒီပြဿ နာက လည်း ပြေလည်သွားနိုင်စရာအကြောင်းတွေ ရှိပါတယ်။
မေး- ဘဏ်ရဲ့ရှယ်ယာ ၆ဝရာခိုင်နှုန်းဝယ်ယူ ပြီးပြီပြောပေမယ့် ဘဏ်ရဲ့တာဝန်ရှိသူတွေက အဲဒီပမာဏမဟုတ်ဘူး လို့ ပြောဆိုနေကြတဲ့ အပေါ်မှာ အများနားလည် အောင်ရှင်းပြ ပေးပါ။
ဖြေ - ဘဏ်ကိုယ်တိုင်က အဆင့်ဆင့်လုပ်နေ ရတဲ့အချိန်မှာ အောက်ကလူတွေမသိရှိသေး တာလည်းပါပါတယ်။ ဒီနေ့ (ဇူလိုင် ၂၂ရက်)နေ့မှာပဲ ဘဏ်တာဝန်ရှိသူတွေ အစည်းအ ဝေးလုပ် ကြပါ တယ်။ မကြာခင်မှာပဲဘဏ်က နေကြေညာချက် ထွက်လာပါ လိမ့်မယ်။ ကျွန် တော်အနေနဲ့ကတော့ လက်ရှိအချိန်မှာရှယ် ယာ ၆၀ ရာခိုင်နှုန်းကို ဝယ်ယူပြီးပြီဖြစ်ပြီး နောက် ခြောက် လအတွင်းမှာ ၈၅ရာခိုင်နှုန်း အထိ ဝယ်ယူဖို့စီစဉ်နေပါပြီ။
မေး - အစ်ကိုတို့ရဲ့ ငွေကြေးတွေအပေါ်မှာ ပြည်သူတွေကသံသယဖြစ်နေတာနဲ့ ပတ်သက် ပြီး ဘယ်လိုဖြေရှင်းချင်ပါသလဲ။
ဖြေ- အဲဒါကတော့ ရှင်းပါတယ်။ ကျွန်တော် တို့မိသားစု နိုင်ငံတော်အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပါဝင်ခဲ့တဲ့အချိန်ကနေစပြီး ယနေ့ ထက် ထိပိုင်ဆိုင်မှုတစ်စုံတစ်ရာကို ပြည်တွင်းပြည်ပ ဘယ်မှာ မှ ချိတ်ပိတ်ခံထားရတာ၊ စစ်ဆေးခံ ရတာဆိုတာ လုံးဝမရှိခဲ့ပါ ဘူး ။ နောက်ပြီး ဘယ်နိုင်ငံကမှလည်း ကျွန်တော်တို့ မိသားစု ဝင်တွေကို ပြည်ဝင်ခွင့်ကန့်သတ်ခဲ့တာ လုံးဝ မရှိခဲ့ပါ ဘူး။ အခုလို ဝီကီလိခ်တွေတောင် ဖော်ကောင်လုပ်နေတဲ့ခေတ်ကြီးမှာ ကိုယ့်ထက် နည်းပညာအစစအရာရာ သာလွန်တဲ့နိုင်ငံတွေ က ကျွန်တော် တို့ မိသားစုသာ မဟုတ်တာလုပ် ခဲ့မယ်ဆို ရင် တစ်မျိုးမျိုး ဖော်ထုတ်မှာပဲဖြစ်ပါ တယ်။ အဲဒီလိုမျိုး နိုင်ငံတကာ အသိုင်း အဝိုင်း မှာ ကျွန်တော်တို့မိသားစုကို တစ်လေးတစ်စား လက်ခံပြီး လူဝင်ဆံ့တာကိုက ရာထူးအာဏာ ကို အလွဲသုံး စားလုပ်ပြီး ကိုယ်ကျိုး စီးပွားအ တွက် မလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒါကြောင့် လည်း ကျွန်တော်တို့ထောင်က ထွက်ပြီဆိုတာနဲ့ နိုင်ငံတကာ မိတ်ဆွေတွေက ယုံယုံကြည်ကြည် နဲ့ ရင်းနှီး မြှုပ်နှံပြီး အကျိုးတူ ပူးပေါင်းဆောင် ရွက်ဖို့ ကမ်းလှမ်းလာကြတာဖြစ်ပါတယ်။
မေး- AGD ဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး အနာဂတ်ရည်မှန်းချက်က ဘာပါလဲ။
ဖြေ- AGD ဘဏ်ကို ပြည်တွင်းမှာသာမက နိုင်ငံတကာအဆင့်အတန်းမီအားကိုးလောက် တဲ့ လုပ်ငန်းကြီးဖြစ်အောင်ဆောင်ရွက် သွားဖို့ ပြင်ဆင်ထားပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် လည်း အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ဒီလွိုက်စ်အဖွဲ့နှင့် စတင်လုပ်ဆောင်နေ ပါပြီ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေ းဇူတင်ပါတယ်ခင်ဗျာ
Read 1061 times
No comments:
Post a Comment
Note: Only a member of this blog may post a comment.