သတင်းနှင့်နည်းပညာများ

7/24/14

မြေဇာပင်များရဲ့ အိမ်ပြန်ခရီး


မြေဇာပင်များရဲ့ အိမ်ပြန်ခရီး
===================
မနေ့က ယူကရိန်းအရှေ့ပိုင်းဒေသမှာ ယူကရိန်းခွဲထွက်သူပုန်များရဲ့ ပစ်ချခံခဲ့ရမှုလို့ သံသယရှိကြတဲ့ မလေးရှားလေကြောင်းလိုင်း MH 17 မှ ခရီးသည်များရဲ့ အလောင်းများကို သယ်ဆောင်လာသည့် လေယာဉ်ဟာ ယမန်နေ့ ညနေပိုင်း ဒေသစံတော်ချိန် ၀၆၃၀ နာရီမှာ နယ်သာလန်နိုင်ငံလေဆိပ် ကို ဆိုက်ရောက်လာခဲ့ပြီး နယ်သာလန် အစိုးရပိုင် တာဝန်ရှိသူတွေ ၊ တပ်ဖွဲ့ဝင်တွေနဲ့ ဧည့်သည်မိသားစုဝင်တွေက စနစ်တကျနဲ့ လေးလေားစားစား ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းဟာ မြင်ရသူတွေအားလုံးကို မျက်ရည်ဝဲစေခဲ့ပါတယ်။ ဒါဟာ အပြစ်မဲ့ဓာစာခံများအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေက တက်နိုင်သမျှ ဆောင်ရွက်ပေးခဲ့ကြတဲ့ အကောင်းဆုံး အသိအမှတ်ပြုမှုနဲ့ လေးစားတန်ဖိုးထားမှုတွေပါပဲ။
MH 17 လေယာဉ်မှ အသက်ဆုံးရှုံးသွားသူတွေရဲ့ ကျန်ရစ်ခဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သယ်ဆောင်လာတဲ့ လေယာဉ်ဟာ နယ်သာလန်လေဆိပ်ကို မဆင်းခင်ကတည်းက နယ်သာလန်နိုင်ငံတစ်ဝန်း ၀မ်းနည်းပူဆွေးမှု အထိမ်းအမှတ်အနေနဲ့ ခေါင်းလောင်းတွေကို ငါးမိနစ်ခန့် ဆက်တိုက်ထိုးခဲ့ကြပြီး ၀မ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။ မနေ့က တစ်နေ့လုံးကို နယ်သာလန်နိုင်ငံရဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
ဒီ MH 17 မှာ ပါသွားတဲ့ ခရီးသည်အများစုဟာ နယ်သာလန်က ဖြစ်တာကြောင့် နယ်သာလန်မှာပဲ DNA စစ်ဆေးချက်ယူပြီး အတည်ပြုခွဲခြားမယ်လို့ ဆိုပါတယ်။ ဆက်စပ်သတင်းများအရတော့ ခရီးသည်အလောင်းအချို့ဟာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။ ပစ်ချခံခဲ့ရတဲ့ လေယာဉ်က တယ်လီဖုန်းအချို့ာ ဆက်သွယ်လို့ရနေဆဲဘဲလို့ ခိုင်မာတဲ့ အထောက်အထားတွေက ဆိုပါတယ်။ ဥရောပမှာနေတဲ့ ပျက်ကျလေယာဉ်ခရီးသည်တစ်ယောက်ရဲ့ ဇနီးဟာ သူ့ခင်ပွန်းရဲ့ ဖုန်းနံပါတ်ကို ဆက်ကြည့်လိုက်တဲ့အခါ တစ်ဖက်က ဥရောပအရှေ့ပိုင်းလေသံနဲ့ အမျိုးသားတစ်ယောက်က ပြန်ဖြေကြားခဲ့တာ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ဖြစ်ရပ်တစ်ခုကတော့ လေယာဉ်ပျက်ကျရာမှာ ပါဝင်ခဲ့တဲ့ ခရီးသည်များရဲ့ အကြွေးဝယ်ကဒ်များကို .ယူကရိန်းမှာ အသုံးပြုနေမှုတွေ ရှိတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အပြစ်မဲ့ဖြစ်ခဲ့ကြရတဲ့ သားကောင်တွေရဲ့ နောက်ဆုံးအချိန်ကို စာနာစိတ်အပြည့်နဲ့ ဂုဏ်သိက္ခာရှိစွာ အကောင်းဆုံးဆောင်ရွက်နေကြပေမယ့် ဆန့်ကျင်ဘက်အခြားတစ်ဖက်မှာတော့ သေဆုံးခဲ့ရသူတွေအတွက် အနိုင်အထက်ပြုကျင့်ခံနေရဆဲပဲလိုပ ခံစားခဲ့ကြရပါတယ်။
အနေ့က ညနေပိုင်းအချိန်တွေမှာတော့ ကမ္ဘာ့တစ်ဝှမ်း TV ကြည့်ပရိတ်သတ်တွေ အတွက် မျက်ရည်ဝဲခဲ့ရတဲ့ အမှတ်တရနေ့ဖြစ်ခဲ့ရပါတယ်။ အသက်ဝိဥာဏ်ကင်းမဲ့နေတဲ့ ရုပ်အလောင်းတွေအပေါ်မှာ မတရားမှုပြုတာဟာ သိက္ခာမဲ့ဆုံး တစ်ကိုယ်ကောင်းဆန်မှုတစ်ခုပဲလို့ ယူဆပါတယ်။ ဒါဟာ အဆိုးရွားဆုံး ဖြစ်ရပ်တွေထဲမှာ ဘာမှဆက်စပ်မှုမရှိ ၊အပြစ်မဲ့သူတွေ သေဆုံးခဲ့ ရတဲ့ ဖြစ်ရပ်တွေထဲက သာဓက တစ်ခုဖြစ်စေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ နယ်သာလန်နိုင်ငံမှာ ရုရှားသမ္မတ ပူတင်ကို မုန်းတီးမှုနှင့် အတူ ရုရှားမုန်းတီးမှုတွေ တစ်ဖြည်းဖြည်းများ ပြားလာနေခဲ့ပါတယ်။ ထိုအတူ ပူတင်းရဲ့ သမီးတစ်ဦးဟာ နယ်သာလန်နိုင်ငံမှာ လက်ရှိနေထိုင်လျှက်ရှိကြောင်း သိရပါတယ်။
ကိုးကား ၊ Daily Telegraph, Sky News
==========================================

No comments:

Post a Comment

Note: Only a member of this blog may post a comment.